12

409 18 16
                                    

ထိုနေ့က ကိုကိုနဲ့ စကားများပြီး အခုချိန်ထိ အဆက်အသွယ်မလုပ်ဖြစ်ကြပါ 

ကိုကို့ ဆီက အငြင်းခံလိုက်ရလို့ ရှက်တာရော ကိုယ့်ဟာကို စိတ်ပျက်မိတာကြောင့်ရော ကိုကို့ကို အဆက်အသွယ် မလုပ်သလို ကိုကိုကလဲ ထိုနေ့ထဲက တကူးတက ဆက်သွယ်မလာခဲ့ပါ .....

အခုချိန်ဆို သူတို့ အဆင်ပြေနေမလားပဲ ...

ဟက် ... ရီရတာက အဲ့နေ့က ကိုကို ဂျီအွန်းကို ပေးချင်တဲ့ pomelo တံဆိပ် အိတ်ကြီးက အခုထိ အိမ်မှာရယ် 

မြင်နေရတော့လဲ ထိုနေ့က အဖြစ်အပျက်ကို ပြန်တွေးမိကာ တစ်စဆီ ဆွဲဖြဲချင်လာသည် 

ဒါမဲ့ မလုပ်ရက်ပါဘူး ကိုကို ကိုယ် တိုင် သွားရွေးပေးထားတာမို့ ကိုယ့်အတွက်မဟုတ်သော်လဲ နှမြောသည် 

'မိုင်မိုင်းရေ.....'

'ရှင်'

'လာပါအုံး ခန'

'ဟုတ် ‌မေမေ'

မိုင်းလဲ မေမေခေါ်တာမို့ ပြေးဆင်းလိုက်သည် 

'ဘာလို့လဲ မေမေ'

'ဒီမှာ မုန့်ဟင်းခါးချက်တာလေ အဲ့တာ ညဥ်းကိုကို အိမ်ကို သွားပို့ပေးအုံး'

'ဟာ... မေမေကလဲ ဘကြီးမှုန်နဲ့ လမ်းကြုံရင်ထည့်ပေးးလိုက်လေ'

'ဟဲ့ ..ဘကြီးက မအားဘူး နင့်ကိုကိုအိမ်ပဲကို သွားပေးစမ်းပါ'

'မသွားချင်ပါဘူးဆို...'

ဂွက်....

'အ့ ...အမေ့..'

'ဘာလို့ ဒီနေ့မှ အသည်းအသန် ငြင်းနေတာလဲ အရင်ကဆို သေမလိုကိုသွားချင်နေတာလေ'

'ဟင့်......ပေးပေး သွားပေးရင် ပြီးရောမလား'

'ရော့ ... ပိုထည့်ထားတယ် ထယ်လေးက မုန့်ဟင်းခါးကြိုက်တယ်လေ'

'အမေ့ သားလဲ မဟုတ်ပဲ ပိုကို ပိုပါတယ်'

ဂွက်....

'အ့.. အမေ့ ထပ်ခေါက်ပြန်ပြီ..'

'ငါ့သားဖြစ်အောင် နင်လုပ်ပေးလေဒါဆို မိုင်မိုင်းမ အဖြစ်မရှိဘူးမလား'

'အမေ့နော် သွားတော့မယ် အရမ်းဘူလီတာပဲ'

သူ့သမီးလေးက အငြင်းခံလိုက်ရတာကို မေမေတို့က ပိုဆိုးအောင် ပြောနေတယ် 

You've reached the end of published parts.

⏰ Last updated: Oct 22 ⏰

Add this story to your Library to get notified about new parts!

One Side Love (528 to 1500)Where stories live. Discover now