2

47 6 0
                                    

၅၀ ခုနှစ်က ဇနီးအလိမ္မာလေး

အပိုင်း ၂


ဒီကြောင်တောင်တောင်နိုင်ပြီး အထိအခိုက် အကြမ်းအတမ်းများတဲ့ ဇာတ်လမ်းဇာတ်ကွက်ကြီး

လင်းယောင်စဉ်းစားလိုက်တာနှင့်ပင်ခေါင်းကိုက်မိသည်။

ထားလိုက်တော့ အခုတော့ငြိမ်းချမ်းအောင်ပဲ လုပ်ရတော့မှာပေါ့။ ဒီကိုရောက်နေပြီဆိုတော့ အသက်ရှင်နေတာကိုရပ်တန့်လိုက်လို့လည်း ရတာမှမဟုတ်ပဲ။

ဘာပြောပြော ၂၁ ရာစုတွင်လည်း သူမတွင်ဆွေမျိုးသားချင်းများ ရှိသည် မဟုတ်ချေ။ သူမ၏ သူငယ်ချင်းတွေမှာလည်း ကိုယ်ပိုင်မိသားစုများရှိပြီး ကုမ္ပဏီများလည်း ရှိကြသည်။ သူမ သေဆုံးသွားသောကြောင့် ခံစားရမှုက အချိန်နှင့်အမျှတိုးဖျော့ပျောက်ကွယ်သွားပေမည်။ သူမဗီလာနှင့် လေဟာပြင်စူပါမားကက်တစ်ခု ဝယ်မိခဲ့သည်ကတော့ နှမျောစရာပင်။

ဟုတ်သည်။ ကူးပြောင်းရောက်ရှိလာသော လင်းယောင်တွင်လည်း ရွှေလက်ချောင်းများရှိနေသည်။(ချမ်းသာကြွယ်ဝ)

အတိအကျ ပြောရမည်ဆိုလျှင် လင်းမိသားစု၏ မိသားစုဝင်ဖြစ်နေသရွေ့ ကိုယ်ပိုင်ရွှေလက်ချောင်းများရှိနေမည်ဖြစ်သည်။

ပြောရမည်ဆိုလျှင် ဒါကိုမိသားစုအမွေရသည်ဟူ၍ပင်ဆိုလို့ရသည်။

လင်းယောင် အဘိုးသည် အဆင့်မြင့်စွမ်းအားများနှင့်  ကမ္ဘာပျက်ခေတ်မှ ခရီးသွားလာခဲ့သူ လင်းအဘွားကို လက်ထပ်လိုက်ကတည်းက လင်းမိသားစုမှ မျိုးဆက်များသည် အသက် ၁၈ နှစ်ရောက်သည်နှင့် သူတို့၏ စွမ်းအားအမျိုးမျိုးကို နိုးထအောင်လုပ်နိုင်မည်ဖြစ်သည်။

အဖေလင်းကိုပင် ဥပမာထားကြပါစို့။ သူသည်အဆင့်မြင့်စွမ်းအားများ ပိုင်ဆိုင်ထားသူဖြစ်သည်။ ကျားများကိုကန်နိုင်ပြီး ဝက်ဝံများကို လက်သီးဖြင့် ထိုးနိုင်သည်။သူ၏ခွန်အားဗလမှာ ကြောက်ခမန်းလိလိပင်။ ထို့ပြင် သူ၏တောင်တက်နိုင်စွမ်းမှာ သာမန်လူများထက် အဆများစွာကျော်လွန်သည့် နေရာတစ်ခုမှာရှိနေသည်။

၅၀ခုနှစ်က ဇနီးအလိမ္မာလေးWhere stories live. Discover now