9

44 4 0
                                    


၅၀ ခုနှစ်က ဇနီးအလိမ္မာလေး

အပိုင်း ၉

လင်းယောင် ထိုညတွင် အကြောင်းအရာအားလုံးအကြောင်းတွေးလိုက်ပြီး ခေါင်းအုံးသေးသေးလေးပေါ်တွင် အိပ်ပျော်သွားတော့သည်။

ညလယ်ခေါင်တွင် မိုးကြိုးများပစ်ပြီး အပြင်ဖက်တွင်မိုးစရွာတော့ကာ ခြံဝန်းထဲရှိ ဝါးရွက်များကို တရှဲရှဲမြည်သွားစေသည်။

ကံကောင်းစွာနှင့် လင်းယောင်မှာ မအိပ်ခင်ပြတင်းပေါက်အကြီးကို ပိတ်သည့်အကျင့်ရှိကာ လေဝင်ရန်အတွက် သစ်သားပြတင်းပေါက်လေးကိုသာ ဖွင့်ထားလေသည်။ အေးမြသောလေလေးက ဖြတ်သန်းသွားပြီး အခန်းတစ်ခုလုံးကို အေးနေစေတော့သည်။

လင်းယောင် စောင်ထဲတွင်ကွေးပြီး တစ်ညလုံးကောင်းမွန်စွာ အိပ်စက်ခဲ့ရသည်။

တောင်ဖက်ဆောင်တွင်ရှိသော ကုချွင်မေမှာလည်း ကောင်းမွန်စွာ အိပ်စက်ခဲ့ရသည်။ သို့သော် သုန်ဇီမှာတော့ အနည်းငယ် ဆိုးဝါးခဲ့လေသည်။ သူနေသော ဘေးခန်းလေးမှာ အနည်းငယ် ကျဥ်းသော်လည်း နေရာထိုင်ခင်းကောင်းကာ အလင်းရောင်လည်း ကောင်းကောင်းရလေသည်။ ၎င်းတွင် သစ်သားခုတင်၊ခုံစောင်း၊ကုလားထိုင်၊ ဗီရိုများ စသည်တို့မရှိပေ။

နွေရာသီတွင် ကျန်းဆွေ့လန်မှာ သူမသား၏ အခန်းထဲတွင် ခြင်လုံဇကာကြမ်းတစ်ခုတပ်ပေးထားပြီး သစ်သားကုတင်ပေါ်တွင်လည်း သင်ယပ်တောင်တစ်ခုထားပေးထားကာ သုန်ဇီမှာအိပ်ယာမဝင်ခင် ခြင်မောင်းရန် အသုံးပြုနိုင်ပေသည်။

သုန်ဇီမှာပျင်းလွန်းလို့ ညပိုင်းတွင် သူ့ခြေထောက်ကိုဆေးရတာမကြိုက်ဟု မည်သူကသိမည်နည်း။ ထိုကလေးမှာ ခြင်လည်း မဖမ်းပေ။ မှောင်တာနှင့် ခေါင်းလေးကိုကွေးကာ အိပ်ပျော်သွားတော့သည်။

ကျန်းဆွေ့လန်မှာ အားလျှင် ထိုကောင်စုတ်လေးအား ခြင်မကိုက်စေရန် ယပ်ခတ်ပေးရသည်။


သူမဤရက်ပိုင်းတွင်တော့ အလုပ်များနေသည်မဟုတ်ပေလား? သူမနေ့ခင်းပိုင်း၌ ဝက်မွေးမြူရေးခြံတွင် ဝက်ခြံများကိုဆေးကြောရန် ရေသယ်ကာ နေ့လည်ပိုင်းတွင် အိမ်ပြန်ရသည်။ လမ်းထဲတွင် ကန်တင်းကြီးတစ်ခု ဖွင့်လှစ်တော့ပေမည်။ လမ်းထဲရှိအမျိုးသမီးများအားလုံး ကူညီသန့်ရှင်းကြရသည်။ သူမ မသွားလျှင်မကောင်းတတ်ပေ။ လူထုဒေသန္တရများကို ထောက်ပံ့ကူညီရပေမည်။

၅၀ခုနှစ်က ဇနီးအလိမ္မာလေးWhere stories live. Discover now