10

83 4 0
                                    

၅၀ ခုနှစ်က ဇနီးအလိမ္မာလေး 

အပိုင်း ၁၀

လင်းဟုန်န ကုရှီအန်း၏ ဒုက္ခများအား ဂရုမစိုက်ပေ။

သူမတစ်ခြားဟာကို စဥ်းစားနေခြင်းဖြစ်သည်။

ဤကဲ့သို့အရှိန်အဟုန်နှင့် လူထုဒေသန္တရ လှုပ်ရှားမှုသည် နိုင်ငံကိုဆွဲချသွားကာ နောက်ထပ်အဆုံးမရှိသောချောက်ထဲသို့ ကျသွားမည်ဟု မည်သူက တွေးထင်ခဲ့မည်နည်း။

 
ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်ကို ထူထောင်လိုက်သည်မှာ ၁၀ နှစ်သာရှိသေးသည်။မိသားစုတိုင်းတွင် စီးပွားဖြစ်ဆန်ကိုစားသုံးသူ တစ်ယောက် နှစ်ယောက်ရှိလေသည်။ နိုင်ငံတော်က ဆီနှင့်ဆန်လက်မှတ်များကို ပေးပြီး ၎င်းတို့ကို ကျေးလက်တောရွာများဖက်တွင် ထားလေသည်။

လယ်သမားများမှာ လယ်ကွင်းများသို့သွားရောက်လုပ်ကိုင်ကာ အလုပ်အမှတ်များ ရှာဖွေရသည်။ သူတို့မနက်အစောကြီးထရပြီး ညပိုင်းတွင်လည်းအလုပ်ကြိုးစားကြရသည်။ သူတို့မှာတစ်နှစ်ပတ်လုံး ပင်ပန်းကြရသည်မှာ ထုတ်လုပ်ရေးအသင်း၏ မြည်းများကဲ့သို့ပင်။ နောက်ဆုံးတွင်တော့ တစ်မိသားစုလုံးစားရန် လုံလောက်သောဆန်များရှိသည်မှာ ကောင်းသည်ဟုသာတွေးရပေမည်။

အကယ်၍ ကိစ္စများသာ ထိုအတိုင်းဆက်််သွားလျှင် သာမန်လူများ၏ ဘဝမှာအရမ်းခက်ခဲနေမည်မဟုတ်ချေ။ သူတို့ဘဝများခက်ခဲနေလျှင် ကလေးများကြီးပြင်းလာသောအခါတွင်တော့ ပိုပြီးကောင်းလာမည်မဟုတ်လား?

ဒေသန္တရကန်တင်းဖွင့်လှစ်ပြီး အိမ်တိုင်းမှာ သူတို့၏ သံအိုးများကို စတီးပြုလုပ်ရန် ပို့လိုက်ရပြီး လူအားလုံးကန်တင်းတွင်သာ စားသောက်ကြသည်။

အစပိုင်းတွင်တော့ ဒေသန္တရကန်တင်းမှာ စည်ကားသည်ပင်။ အစိုးရ လက်ထဲတွင် အစားအစာများရှိသည်။ဒေသန္တရအဖွဲ့ဝင်များ၏ ပါးစပ်များမှာ ဆီများဖြင့်ပြည့်နေလေသည်။ သူတို့ပေါင်းထားသောမုန့်များကို မစားနိုင်တော့သောကြောင့် အိမ်သို့ပင်သယ်သွားရသည်။ကျန်နေသော ဆလပ်ရွက်များကို ဝက်စာပုံးထဲသို့ ပို့ကာ ဝက်များကို ကျွေးရန်ဝက်ခြံသို့ပင် ပို့ရသည်။

၅၀ခုနှစ်က ဇနီးအလိမ္မာလေးWhere stories live. Discover now