11

50 6 0
                                    

၅၀ ခုနှစ်က ဇနီးအလိမ္မာလေး

အပိုင်း ၁၁

ကုရှီအန်း ပြန်မရောက်ခင် ယွင်ရွှေကောင်တီတွင် ကိစ္စကြီးကြီးတစ်ခု ဖြစ်ခဲ့လေသည်။

အမြဲတမ်း အေးချမ်းခဲ့သော ယွင်ရွှေကောင်တီတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးကို ဓါးပြတိုက်သူတစ်ဦး ရှိခဲ့လေသည်!

ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ ကောင်တီရုပ်ရှင်ရုံတွင် လက်မှတ်ရောင်းသူ ဖြစ်လေသည်။ ဤရက်များတွင် ရုပ်ရှင်ရုံတွင် အလုပ်လုပ်သူများမှာ ရဲဘော်များ၏ သားသမီးများ ဖြစ်ကြလေသည်။ မိသားစုများမှာ အခြေအနေကောင်းပြီး ကြည့်ကောင်းကာ ကောင်းကောင်းလည်း လက်ထပ်နိုင်ကြလေသည်။

ကိုယ်ဝန််ဆောင်အမျိုးသမီးမှာ အသက် ၂၀ အရွယ် ဝတ်တတ်စားတတ်သော အမျိုးသမီးတစ်ဦးဖြစ်ပြီး ရုပ်ရှင်လက်မှတ်များရောင်းချကာ ငွေသိမ်းလေသည်။ အားနေသောအချိန်အများစုတွင် ကွာစေ့စား သို့မဟုတ် မှန်ရှေ့တွင်နှုတ်ခမ်းနီဆိုးနေလေသည်။ သူမ ဆံပင်ကို အခွေအလိပ်လေးများ လုပ်ထားလေသည်။

အပြင်ထွက်သောအခါ ပန်းပွင့်ဂါဝန် သို့မဟုတ် လယ်သာကြိုးသိုင်းဖိနပ်များ ဝတ်လေသည်။ ထီးကိုင်ပြီးလမ်းပေါ်တွင် လမ်းလျှောက်သောအခါ ချမ်းသာပြီး ပိုက်ဆံမပြတ်လပ်သော လူတစ်ယောက်ပုံစံပင်!

ယခုအချိန်တွင် ခေတ်အစားဆုံးမှာ တရုတ်ရိုးရာအမျိုးသမီးဝတ်စုံများ ဖြစ်ကြလေသည်။ မြို့ကြီးပြကြီးများကဲ့သို့ အနောက်တိုင်း ပုံစံအဆောက်အဦးများ လမ်းဘေးတွင်ရှိနေလေကာ ဝတ်တတ်စားတတ်အမျိုးသမီးလေးများ လမ်းပေါ်တွင် သွားလာနေကြသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံထူထောင်နေချိန်တွင် ယွင်ရွှေကောင်တီရှိ ပြည်သူ့လုံခြုံရေးမှာ အရမ်းမကောင်းပေ။ ထိုအချိန်တွင် တပ်ပြေးများ၊ဓါးပြများနှင့် ရန်သူ့အေးဂျင့်များ စသဖြင့် ရောနှောနေပေသည်။

ထိုအချိန်တွင် စစ်မြေပြင်ရှိ စစ်သားအများအပြားမှာ မွေးရပ်မြေသို့ ပြန်လာကြကာ ရဲအရာရှိများ လုပ်ကြလေသည်။ ကျေးလက်တောရွာဖက်တွင်ရှိသော ရဲဘော်များနှင့်အတူ ဓါးပြများကို နှိမ်နင်းပြီး ရန်သူ့အေးဂျင့်များကိုနှိမ်နင်းကာ နေရာမျိုးစုံတွင် ပြည်သူ့လုံခြုံရေးပတ်ဝန်းကျင်ကို တည်ဆောက်ရန် တောင်တန်းများဆီသွားကြသည်။

၅၀ခုနှစ်က ဇနီးအလိမ္မာလေးWhere stories live. Discover now