အေးစက်သွားသော ကော်ဖီတစ်ခွက်ကိုကြည့်ရင်း
အတွေးများနေခဲ့သည် ။တစ်ကယ်တော့ ငါကကော်ဖီမကြိုက်ဘူး
ကော်ဖီကြိုက်တဲ့မင်းကြောင့် ငါသောက်လာတာ ။ကော်ဖီက သိပ်ခါးသက်တယ် အခု ငါခံစားနေရသလိုပဲ ။
ကိုရီးယားကို မင်းပြန်ရောက်နေပြီလို့ကြားပေမယ့်
မင်းရဲ့ပုံရိပ်လေးတောင် မတွေ့တော့ ငါဝမ်းနည်းမိသား ။အကယ်၍ မင်းကို တွေ့ခဲ့ရင် ငါမင်းကိုချစ်ကြောင်းပြောချင်သေးတယ် ။
// 𝙻𝚘𝚅𝚎 𝙼𝚎 𝙰𝚐𝚊𝚒𝚗 //
Show တစ်ခုမှာ Performance လုပ်ပေးရပြီး ပြန်လာခဲ့သည့်အခါ အနည်းငယ်တော့ ပင်ပန်းနေလေသည် ။ နွေရာသီအကုန်ဖြစ်သော်လည်း အနည်းငယ် ပူနေသေးသည် ။သို့ပေမယ့် ဤရက်ပိုင်းအတွင်း မုန်တိုင်းရှိသည်ကြောင့် အရမ်းတော့ မပူပေ။ တိုက်ခန်းသို့ ပြန်လာပြီးတော့လည်း စားစရာက ခေါက်ဆွဲထုပ်အပြင် ဘာမှမရှိတာကြောင့် စိတ်ညစ်သွားရသည် ။
အပြင်ဆိုင်မှာ ထွက်စားမယ်ကြံတော့ ခေါင်းထဲဝင်လာတာ MyYou-JKim Restaurant ။ ဒါပေမယ့်လည်း ဟိုအပတ်ကမှ သွားထားသေးတာကြောင့် အခြားမရောက်သေးတဲ့နေရာကိုသာ ရှာကြည့်ရသည် ။ နာမည်ကြီး အဆိုတော်တစ်ယောက်ဖြစ်တာကြောင့် လမ်းဘေးဆိုင်မှာ လွတ်လွတ်လပ်လပ်ထိုင်စား၍မရ ။
အကယ်၍သာ သူ့စိတ်တိုင်းသာဆို လမ်းဘေးဒုတ်ထိုးသည်ဆီမှာ ထိုင်ပြီးသာ အားရပါးရစားချင်သည် ။ ညဈေးမှာ လျောက်ပတ်သွားချင်သည် ။
" Golden 97 BBQ & Bar "
Kim Taehyung ရဲ့ vibe ကိုပြောပြပါဆိုလျှင် အညိုရောင်ဆန်ဆန်အရာလေးတွေရယ် ၊ vintage အမှတ်တရတွေ ၊ Luxury ဆန်ဆန်ပုံရိပ်လေးတွေပင်ဖြစ်သည် ။
ဆိုင်အပြင်အဆင် အညိုရောင်နဲ့ Luxury ဆန်ဆန်လေးကြောင့် သဘောကျမိသည် ။ အကင်တွေဘာညာဆိုတာလည်း ထယ်ယောင်း အကြိုက်မို့ ထိုဆိုင်ကို သွားရန်ဆုံးဖြတ်လိုက်သည် ။ ပုံတွေကို ကြည့်ရသလောက်ဆို လူလည်း မများအေးအေးဆေးဆေးနဲ့ပင် ။ တည်နေရာကို ကြည့်တော့ နေရာက အရမ်းကြီးဝေးသည်မဟုတ် ဒါကြောင့် ကိုယ့်ဘာသာကိုယ်ပဲ မောင်းသွားရန် ဆုံးဖြတ်လိုက်သည် ။
YOU ARE READING
𝖫𝗈𝖵𝖾 𝖬𝖾 𝖠𝗀𝖺𝗂𝗇 On Rainy Days
FanfictionI wish you would love me again Kim Taehyung Kim Taehyung × Jeon Jungkook Taekook OST - Love me again & Rainy Days by Kim Taehyung 6K ပြည့်သွားတဲ့အတွက်အများကြီး ကျေးဇူးတင်ပါတယ်ရှင့် ။။ ဒါလေးကတော့လက်ဆောင်လေးပါ ။ Update မမှန်တာက...