Part 10

316 43 16
                                    

ဒီနေ့က July လရဲ့ လအလယ် 15 ရက်နေ့တောင် ရောက်ရှိသွားခဲ့ပြီ ။ ပုန်းရှောင်နေသူက အပုန်းကောင်းလွန်းနေလေသည် ။ ထယ်ယောင်းမှာ ဂျောင်ဂုကို မတွေ့ရတာ အတော်လေးကြာနေခဲ့လေသည် ။ သူကိုယ်တိုင်ကလည်း အလုပ်ရှုပ်နေလို့လဲ ပါတာပေါ့။

အလုပ်တွေပြီးသွားတဲ့အခါ ဒီတစ်ပတ်က နားရက်ရခဲ့သည် ။ ထယ်ယောင်းဒီမှာလဲ မနေချင်တာကြောင့် ဘူဆန်မှာ သွားနေဖို့ စိတ်ကူးလိုက်သည် ။ မျက်နှာပြောင်တိုက်စွာနဲ့ အမေတို့အိမ်ကို ပြန်လိုက်တော့မည် ။

ဘူဆန်သွားရန်အတွက် ထယ်ယောင်းမနက်စောစော ထွက်လာခဲ့ခြင်းဖြစ်သည် ။ အဝတ်အစားအချို့နဲ့ အိမ်ပြန်ရန်အတွက် လက်ဆောင်အချို့ထည့်လာသည် ။ ဘူဆန်သွားရာ လမ်းမထက် သူ့ရဲ့ကားတစ်စီးထဲပင် ပုံမှန်နဲ့ မှန်မှန်လေး သွားနေလေသည် ။

မိုးစက်လေးတွေ တဖြောက်ဖြောက်နဲ့ ရာသီဥတုက မိုးရာသီဆိုတော့ အေးစိမ့်စိမ့်ပင် ။ အိမ်ပြန်မရောက်ခဲ့တာ ကြာခဲ့လေပြီ ။ ဇာတိက ဒယ်ဂူ ဆိုပေမယ့် အထက်တန်းရောက်တော့ အဖေတို့က ဘူဆန်ကို ပြောင်းခဲ့သည် ။ ကိုယ်က တက္ကသိုလ်ရောက်တော့ ဆိုးလ်မှာ တက်ခဲ့သည် ။ အဖေကတော့ ဘူဆန်မှာပဲ အခြေကျနေလျက် ။

အဖေက အနုပညာအလုပ်လုပ်ဖို့ ခွင့်မပြုခဲ့ဘူး ။ ဒါကို အတင်းဇွတ်တိုးဝင် လုပ်ခဲ့သည် ။ အဲ့တာအပြင် ဂျွန်နဲ့ တွဲနေတုန်းက သိသွားခဲ့ပြီး ထယ်ယောင်းကို အလွန်စိတ်ဆိုးခဲ့သည် ။ ဒါကြောင့် ထယ်ယောင်းလည်း အိမ်မပြန်တာ အလွန်ပင် ကြာနေခဲ့ပြီ ။

အခုလည်း စိုးရိမ်စိတ်တို့ရှိဆဲပဲ အဖေက သူ့ကို မုန်းနေမလားဆိုပြီးပေါ့ ။ နောင်တရသလိုရှိတယ် တစ်ခါတစ်လေ စဉ်းစားမိတာ အကယ်၍များ ဒီအနုပညာအလုပ်ကိ မလုပ်ခဲ့လျှင် အဖေကလည်း မုန်းမှာ မဟုတ်သလို သူ့ရဲ့ လူဆိုးကောင်လေးနဲ့လည်း ဝေးကွာခဲ့မှာ မဟုတ်ဘူး ။

ဒါပေမယ့်လည်း သူမှာ Taehyungist တွေရဲ့ အချစ်တွေ အများကြီး ရရှိခဲ့တယ် မဟုတ်လား ။ ဝင်ငွေလည်း အများကြီး ရှာနိုင်ခဲ့သည် ။ အခုတော့ ဆုံးရှုံးသွားခဲ့တဲ့ အရာတွေအားလုံးကို ပြန်ပြီး ရယူ‌ဖို့ ကြိုးစားရတော့မည် ။။

You've reached the end of published parts.

⏰ Last updated: Jul 15 ⏰

Add this story to your Library to get notified about new parts!

𝖫𝗈𝖵𝖾 𝖬𝖾 𝖠𝗀𝖺𝗂𝗇 On Rainy Days Where stories live. Discover now