Sophia (ဆိုဖီယာ )
Kim Taehyung ဆိုတဲ့ ကိုယ်က ငယ်ကတည်းက ဘယ်သူ့ကိုမှ မုန်းတီးချင်းမရှိပေမယ့် Sophia ဆိုတဲ့ မိန်းကလေးကို လုံးဝသဘောမကျခဲ့ပေ ။
စတွေကတည်းက လုံးဝကို သဘောမကျခဲ့တာ ။ မနေ့က ဂျွန်နဲ့ ဆိုဖီယာကို တွဲမြင်တော့ မနှုတ်ဆက်ဘဲ ဒီအတိုင်းသာ ပြန်ခဲ့သည် ။ တစ်ညလုံးလဲ ထိုအကြောင်းကြောင့် အိပ်မရခဲ့ပေ ။ ဆေးသောက်ပြီး အိပ်လဲ အိပ်မရဘူး ။
ဆိုဖီယာနဲ့ပတ်သက်တိုင်း စိတ်ဆင်းရဲရတယ် .. သူမက ကိုယ်ရဲ့ ကောင်ငယ်လေးကို ပိုင်ဆိုင်ချင်နေတာ အသိသာကြီးကို ။ ဒါကို ဂျွန်ဂျောင်ဂုကပဲ မသိတာလား မသိချင်ယောင်ဆောင်နေတာလားဆိုတာ ကိုယ်လုံးဝတွေးမရခဲ့ဘူး ။
အခု .. အခု ဂျွန်ရဲ့ ကောင်မလေးဆိုတာ ဆိုဖီယာလား .. အခြားတွဲစရာလူတွေအများကြီးရှိတဲ့ထဲကမှ ဆိုဖီယာတဲ့လား.. ဘာလို့လဲ အရင်ကတည်းကများ ဆိုဖီယာ့ကို သဘောကျနေခဲ့တာလား ..
"အရမ်းစိတ်ဆိုးချင်စရာကောင်းလွန်းတာပဲ "
ထပ်ပြီး ရွာလာတဲ့မိုးတွေ .. အေးစက်သွားတဲ့ရာသီဥတုပေမယ့် ရင်ထဲ ပူလောင်နေတာ ကိုယ်တိုင်ကလွဲရင် ဘယ်သူကများသိမှာလဲ .။
လွန်ခဲ့သော ၄နစ်ခန့်က
" ဟန်နီ ကိုယ်နဲ့အတူတူ ညစာ အပြင်မှာထွက်စားရအောင်လေ "
သီချင်းစာရွက်တွေကြည့်နေတဲ့ ထယ်ယောင်းကို အနောက်ကနေ သိုင်းဖက်ပြီး ပြောလာတဲ့ ဂျောင်ဂု။ ထယ်ယောင်းက ဂျောင်ဂု ပါးလေးကို နမ်းလိုက်ကာ ..
" ဂျွန်က အပြင်မှာ စားချင်လို့လား "
"အပြင်မှာ စားချင်တာထက် ဟန်နီနဲ့အတူတူ Dinner Date လေး လုပ်ချင်တာလေ "
" ဟန်နီ ကို CEOက ဘယ်မှမထွက်ခိုင်းနေဘူးလေ "
"ကျစ် အဲ့လူဂွစာကြီးက တစ်ကယ်ပါပဲ "
" ပြွတ်စ် .. အဲ့တာ စိတ်ကောက်တဲ့ပုံလေးပေါ့ "
"ဟန်နီ့ကို ကောက်စရာလားနော် မကောက်ပါဘူး ဒါနဲ့ ညနေကျရင် ကိုယ်အပြင်သွားရမယ် "
"သွားလေ ဂျွန် "
" အင်း ကိုယ့်ငယ်ငယ်ကတည်းကသိတဲ့ အသိကောင်မလေးကို လေဆိပ်မှာ သွားခေါ်ပေးရမှာ "
YOU ARE READING
𝖫𝗈𝖵𝖾 𝖬𝖾 𝖠𝗀𝖺𝗂𝗇 On Rainy Days
FanfictionI wish you would love me again Kim Taehyung Kim Taehyung × Jeon Jungkook Taekook OST - Love me again & Rainy Days by Kim Taehyung 6K ပြည့်သွားတဲ့အတွက်အများကြီး ကျေးဇူးတင်ပါတယ်ရှင့် ။။ ဒါလေးကတော့လက်ဆောင်လေးပါ ။ Update မမှန်တာက...