Part 9

278 41 24
                                    

သည်းသည်းမဲမဲ တဝေါဝေါနဲ့ရွာချနေသော မိုးကြောင့် ထယ်ယောင်းသတိရလာခဲ့သည် ။ ထိုးကိုက်နေပြီး မူးနေတဲ့ခေါင်းကြောင့် မျက်လုံးတောင် ကောင်းကောင်းမဖွင့်နိုင် ၊ မြင်နေကြအခန်းပုံစံကြောင့်သာ ကိုယ့်အခန်းမှန်းသိရတာ .. နာရီကို ကြည့်လိုက်တော့ နေ့လည် ၁၂နာရီတောင် ရှိနေသည် ။

ထိုးကိုက်နေသော ခေါင်းကို အနားမပေးဘဲ ဘာဖြစ်နေတာလဲဆိုတာကို စဉ်းစားရသည် ။ မနေ့က Bar တွင်သောက်နေခဲ့ပြီး ဝိတ်တာ ကောင်လေးအား ဂျောင်ဂုကို ခေါ်ခိုင်းလိုက်သည် ။

"မဟုတ်မှ ဂျောင်ဂုပဲ ခေါ်ခဲ့တာ များလား .. ဒါမှမဟုတ် မန်နေဂျာhyungလား "

အခန်းကု‌ဒ်နံပါတ်ကိုက အရင်ကတည်းက ဂျောင်ဂုနဲ့နေကတည်းက နံပါတ်ပဲမို့ မပြောင်းထား ။အခြားသူအနေနဲ့သိတာ မန်နေဂျာhyungပဲသိတာ ။

' အကယ်၍များ ဂျွန်က လိုက်ပို့ခဲ့ရင်တောင် မနက်ထိမနေခဲ့ဘူးဘဲ .. ငါ့ကိုအရမ်းပဲမုန်းနေတာလား ကောင်လေးရယ် '

အနည်းငယ်ခေါင်းကြည်သွားအောင် မျက်နှာသစ်ရင်း ရေပါချိုးလိုက်သည် ။ ပေါ့ပေါ့ပါးပါးလေးဝတ်ရင်း မီးဖိုချောင်ထဲဝင်လာတော့ သံပုရာရည်ကို အဖုံးလေးနဲ့ အုပ်ထားတာတွေ့လိုက်သည် ။ ဘယ်သူလုပ်ပေးသွားတာပါလိမ့် ။

ပျားရည်နဲ့ရောစပ် ထားတာကြောင့် အမူးပြေပြီးခေါင်းကိုက်သက်သာစေသည် ။ ကုန်အောင်သောက်လိုက်ပြီး ဗိုက်ဆာ‌တာကြောင့် ဘာရှိလဲ ရှာဖွေရင်း microwave ကြီးထဲမှာ ဟင်းပန်းကန်တွေဆီထားတာ‌ကို တွေ့လိုက်ရသည် ။ ထမင်းပေါင်းအိုးထဲကြည့်တော့လည်း ထမင်းတည်ထားသည် ။
ဟင်းကို နွေးရင်း ဆာလောင်နေတဲ့ ဗိုက်လေးကို ဖြည့်ရမည် ။

အမဲသားအစပ်ကြော်လေးကို ယူစားလိုက်သည့်အခါ ထယ်ယောင်း မျက်ရည်တွေကျလာမိသည် ။ ဒါက စပ်၍မဟုတ် ..ဒါသူ့ရဲ့ လူဆိုးကောင်ငယ်လေး လက်ရာပင် ။ ဘယ်နနစ်ကြာကြာ မေ့မသွားမယ့်ထဲမှာ သူ့ကောင်ငယ်လေးရဲ့ ဟင်းချက်လက်ရာပင် ။

အစပ်မစားနိုင်ဘဲအစပ်စားချင်တဲ့ ထယ်ယောင်းအတွက် အမြဲဂျောင်ဂုက အမဲသားကို ပျားရည်နဲ့နယ်ပြီး ငရုတ်သီးနဲ့ကြော်ပေးတာ ။ ကင်မ်ချီဟင်းရည်လေး သောက်လိုက်တော့လည်း ပိုလို့တောင် မျက်ရည်က ကျလာသည် ။ အရမ်းလွမ်းနေခဲ့တာ မဟုတ်လား ၂နစ်ကျော်တောင်လေ ။

𝖫𝗈𝖵𝖾 𝖬𝖾 𝖠𝗀𝖺𝗂𝗇 On Rainy Days Where stories live. Discover now