Part 5

266 43 8
                                    

အိမ်အပေါ်ထပ်ကနေ ဆင်းလာတဲ့ ယောက်ျားပျိုတစ်ဦး .။ တီရှုပ်အပွနဲ့ ဘောင်းဘီအပွကိုသာ ဝတ်ဆင်ထားသော်လည်း ဖွံ့ထွားနေသော ခန္ဓာကိုယ်က အလွန်ပင် သိသာနေလေသည် ။ undercut ညှပ်ထားသောဆံပင်ပေမယ့် အပေါ်က ဆံနွယ်ရှည်တွေကို အနောက်ဘက်တွင် စုစည်းထားလေသည် ။ ဆေး‌လိပ်တစ်လိပ်ကို ဖွလျက်သား ဆင်းလာသည် ။

"သခင်လေး မနက်စာ ပြင်ဆင်ထားပြီးပါပြီ "

" ဦးလေးတို့ပဲ စားလိုက်ပါ ကျွန်တော့်အတွက် ကော်ဖီခါးခါးတစ်ခွက်ဆိုရပြီ အဲ့တာပဲသောက်တယ် "

" ကော်ဖီဖျော်ထားတာရှိပါတယ် သခင်လေး "

"အင်း ကျွန်တော် ဒီနားလျှောက်ကြည့်ဦးမယ် "

ပေးလာတဲ့ ကော်ဖီခွက်ကို ယူလိုက်ရင်း ဆေးလိပ်ဖွာက ခြံထဲကို ကြည့်လိုက်သည် ။ အလေ့အကျပေါက်လေ့ရှိတဲ့ မိုးကြိုပန်းရောင်စုံတွေဟာ အိမ်ရှေ့က မြက်ခင်းနုနုပေါ်တွင် ပန်းခင်းကြီးလို ဖြစ်နေလေသည် ။

"Kim Taehyung သာဆို သဘောကျလွန်းလို့ ပတ်ပြေးနေပြီ "

ခေါင်းထဲဝင်လာတဲ့ ယုတ္တိမရှိတဲ့ အတွေးကို ဖယ်လိုက်သော်လည်း . ခြံထဲက ပန်းတွေကိုကြည့်ရင်း ..

" ဂျွန် ! ကြည့်ပါဦး ပန်းတွေက လှလိုက်တာ ဟန်နီ့ကို ဓာတ်ပုံရိုက်ပေး "

"ဂျွန် ဟန်နီ နဲ့ ပန်းနဲ့ ဘယ်ဟာပိုလှလဲ "

"လူဆိုးကောင် ! လာလေ ဘာကိစ္စ ရပ်ကြည့်နေရတာတုန်း "

ပြန်မြင်လာတဲ့ ဆူပုတ်ပုတ်နဲ့ စိတ်‌ကောက်နေတဲ့သူ ၊ ပန်းခင်းထဲမှာ ပြေးလွှားနေရင်း ပြုံးရယ်နေတဲ့ သူ ၊ ပန်းလေးတွေကို နမ်းရှိုက်နေတဲ့သူ ၊ ပန်းလေးတွေနဲ့ ဓာတ်ပုံရိုက်ရန် အိုက်တင်ပေးတဲ့ သူ ။

နောက် ပန်းခင်းကြားထဲမှာ  အနမ်းပေးလိုက်ကြတဲ့ ကိုယ်နဲ့ သူ ..

တစ်နေရာရာကို ငေးစိုက်ကြည့်နေတဲ့ မျက်ဝန်းထဲတွင် ငွေ့ရည်များလွှမ်းခြုံနေသည် ။ မကြာ.. မျက်လုံးအိမ်မှ မျက်ရည်လေးတစ်စက်က ပါးပေါ်ကို ဖြတ်ပြေးသွားသည် ။

"တော်ပါတော့ !! Kim Taehyung ကို သိပ်မုန်းတယ် "

စိတ်တိုတိုနဲ့ လက်ထဲက ကော်ဖီကို သောက်လိုက်သည် ။ ခါးသက်မှုက တစ်ကိုယ်လုံးကို တုန်ခါစေသည် ။ သေချာတာကတော့ ကော်ဖီက အရင်သောက်နေကျလောက်တောင် မခါးပေ ..။

𝖫𝗈𝖵𝖾 𝖬𝖾 𝖠𝗀𝖺𝗂𝗇 On Rainy Days Where stories live. Discover now