Part 6

291 44 7
                                    

" Jungkook ဒါKim V လေ တွဲရိုက်ရမယ့်သူ "

ဂျောင်ဂု မျက်နှာတည်သွားလျက် အရှေ့က ဒါရိုက်တာဖြစ်သူအား ခေါင်းငြိမ့်ပြလိုက်ပြီး ထယ်ယောင်းကို စေ့စေ့ ကြည့်နေလျက် ။

ထယ်ယောင်း ဂျောင်ဂုရဲ့ အကြည့်တွေကို မခံနိုင်ပါ နဂိုကတည်းက ငိုချင်သလိုဖြစ်နေတာမို့ နောက်လှည့်ပြီး ကျောပေးလိုက်သည် ။ ဒါကို ဂျောင်ဂုဘယ်လို ထင်သွားမလဲ မတတ်နိုင်ပေ ။ တွေ့ချင်နေပေမယ့် ရင်မဆိုင်ရဲနေပါ ကိုယ်က အမှားလုပ်ထားသူမို့ ..

"ကျုပ်ကိုခနခွင့်ပြုပါဦး Hyung နဲ့ noona ခနစကားပြောရအောင် ထွက်ခဲ့ "

ဂျောင်ဂုသူ့အနောက်ကနေ အခုမှဝင်လာတဲ့ အကိုဝမ်းကွဲဖြစ်သူနဲ့ အစ်မကို ခေါ်ထုတ်လာခဲ့သည် ။ အ‌ခန်းရှေ့ရောက်တော့ ဂျောင်ဂု စိတ်တိုနေသည်မှာ မေးရိုးတွေတင်းနေလေသည် ။

မနေ့ညက ဖုန်းဆက်လာတဲ့ အကိုဝမ်းကွဲဖြစ်သူက အရင်တစ်ခေါက်ပြောထားတဲ့ Clothing Designs တွေပြီးပြီလို့ပြောတယ် ။ model အနေနဲ့ ကိုယ့်ကို ကမ်းလှမ်းထားတာ ဖြစ်သည် ။ ငြင်းသော်လည်းမရ ဒီ တစ်ခေါက် ကိုယ့်အတွက် သီးသန့်ဆိုပြီးပြောလာတာကြောင့် မငြင်းပစ်ခဲ့ ။ ဒါတွေက noona ရဲ့လက်ရာတွေဆို‌တာကြောင့်‌ရော ၊ noona နဲ့ကလည်း နိုင်ငံခြားမှာနေတုန်းက အကုန်ကူညီခဲ့တာကြောင့် မငြင်းခဲ့ပေ ။

အခုတော့ တွဲရိုက်ရမယ့်လူက Kim Taehyung တဲ့လား ။ ဘာလို့ အဲ့လူမှလဲ ။

"Hyung , noona ဘာလဲ ဘာလို့ Kim Taehyung တုန်း hyung တို့ တမင်လုပ်တာလား "

"Kim Taehyung နဲ့က ဘာဖြစ်လို့တုန်း "

"Hyung ကမသိဘူးဆိုတာ လက်ခံလို့ရသေးတယ် Noona ! Noona ကအကုန် ခရေစေ့တွင်းကျ‌သိတယ်နော် !!! "

" နေပါဦး jungkookရယ် ငါပြောမယ် အခုက တမင်လုပ်တာမဟုတ်ဘူး ငါက နင့်ကို ကမ်းလှမ်းထားတာကြာပြီလေ ၊ အဝတ်တွေက အားလုံးပြီးတဲ့အချိန်မှာ ဘုတ်အဖွဲ့နဲ့ သင့်တော်တဲ့သူ ရှာလိုက်တာ အချို့တွေနဲ့က လုံးဝမလိုက်တာ Kim Taehyung ကကျတော့ သူ့အပေါ်ဘာ ဘယ်အဝတ်တင်တင်အရမ်း လိုက်ဖက်တယ်လေ အဲ့တာကြောင့်ပါ .. အခုအဲ့လိုဖြစ်သွားတာ .. ရိုက်လိုက်ပါ jungkookရာ ဘယ်လောက်မှမကြာပါဘူး နင်တို့လည်း အင်း ရင်းနှီးခဲ့ဖူးတဲ့လူတွေပဲလေ ... "

𝖫𝗈𝖵𝖾 𝖬𝖾 𝖠𝗀𝖺𝗂𝗇 On Rainy Days Where stories live. Discover now