Part 7

323 43 21
                                    

"Jungkook စကားပြောရအောင် "

အနောက်နေလိုက်လာတဲ့ Kim Taehyung.. ဘာလို့အခုမှ လာပြီး စကားပြောချင်နေရတာလဲ

"ကျုပ်နဲ့ သိလို့လား ! "

"Jungkook ခနလောက်အချိန်ပေးပါ ရှင်းပြချင်လို့ "

"ကျုပ်မအားဘူး ကောင်မလေးနဲ့ ချိန်းထားတယ် "

ခံစားကြည့်လိုက်စမ်းပါ Kim Taehyung ဘယ်လောက်နာကျင်ရမလဲ .. ခင်ဗျားနောင်တရနေလား

"အာ.."

ဂျောင်ဂု စိတ်ရှုပ်စွာနဲ့  မပွင့်‌သေးသော ဓာတ်လှေကား အပေါက်ဝကိုသာ ကြည့်နေလိုက်သည် ။ ရုတ်တရက် ဘုတ်ခနဲ အသံကြားတာကြောင့် လှည့်ကြည့်တော့ Kim Taehyung က လဲကျသွားတာပင် .

ဆိုးရိမ်စိတ်တို့က အလွန်ပင် မြင့်တက်လာပြီး ဒေါသထွက်လာတာကြောင့် တောက်စ်ခေါက်မိပြီးအမြန်ပင် Kim Taehyung အနားသွားလိုက်သည် ။

" တောက်စ် ! Kim Taehyung!! Kim Taehyung! ကျစ် ခင်ဗျားရာ "

ဂျောင်ဂု ထယ်ယောင်းကိုယ်လေးကို တင်းတင်းကျပ်ကျပ် ပွေ့ချီလိုက်သည် ။ ထယ်ယောင်းရဲ့ ခေါင်းလေးကို သူ့ရင်ခွင်ထဲ မမြင်အောင် အတွင်းသို့ ထားလိုက်သည် ။

Kim Taehyung က နာမည်ကြီး Idolတစ်ယောက်မို့ သူ့ကို ဘယ်သူမှသိလို့မဖြစ်ပေ ။ ဓာတ်လှေကားကနေတစ်ဆင့် ကားထဲထိ ထယ်ယောင်းကို ထည့်လိုက်ကာ ဆေးရုံသွားရန်သာ ပြင်လိုက်သည် ။

အခြားလူများတဲ့ ဆေးရုံဆေးခန်းဆို မဖြစ်တာမို့ အသိအကိုရဲ့ ဆေးရုံကိုလာ သွားရန် ဖုန်းဆက်လိုက်သည်။ တစ်ဖက်က ကားကိုလည်း မောင်းရင်း တစ်ဖက်က ဖုန်းကိုင်ရင်းပေါ့ ။ Kim Taehyung ကိုလည်း ကြည့်ဖို့ မမေ့ ။

"Hyung !! ဆေးရုံမှာရှိနေလား "

"အင်းရှိတယ် Jungkook ဘာဖြစ်လို့လဲ "

"VIP တစ်ခန်းထားထားပေး ဆေးရုံအနောက်ဘက်ကနေဝင်ခဲ့မယ် စောင့်နေ သတိလစ်သွားတဲ့သူရှိလိူ့ ဘယ်သူမှတွေ့လို့မဖြစ်ဘူး "

"ဟုတ်ပြီ Jungkook ငါပြင်ထားလိုက်မယ် "

ဖုန်းချပြီးတော့ Kim Taehyung ကိုလှည့်ကြည့် လှည့်ကြည့်နဲ့ပင် ။ သတိလစ်သွားတာက အရမ်းမဆိုးရွားနိုင်ပေမယ့် ရတက်မအေးနိုင်တဲ့ ကိုယ့်အဖြစ်ကို စိတ်တိုမိသည် ။

𝖫𝗈𝖵𝖾 𝖬𝖾 𝖠𝗀𝖺𝗂𝗇 On Rainy Days Where stories live. Discover now