* I wish I could stay with you ~~ (Ringtone)
"ဟယ် လို ~~"
" ထယ်ယောင်း အိပ်နေတုန်းလား "
"အွန်းး ဟုတ်တယ် hyung "
"ဒီနေ့ ဘာ schedule မှမရှိဘူး ဒါပေမယ့် Mark က ထယ်ယောင်းနဲ့ ညစာစားချင်တယ်ပြောတာ သူပြောထားတာ ကြာနေပြီတဲ့ ဒီနေ့အကုန်စီစဉ်ပြီးသားမို့လက်ခံပေးပါတဲ့ "
"ဟူး အဲ့တစ်ယောက်ကလည်းလေ ကောင်းပြီ hyung ကျွန်တော့်ကို လိပ်စာပို့ထားလိုက် "
"အင်း ဒါပဲနော် "
ဆံနွယ်တို့ကို လက်ဖြင့်ထိုးဖွလိုက်ကာ ဆက်အိပ်ရင် ကြိုးစားသော်လည်းမရပေ ။ ထပြီး မနက်သစ်သွားတိုက်ကာ စားဖို့သောက်ဖို့ ရှာကြည့်ရသေးသည် ။ တစ်ယောက်ထဲနေပြီး မချက်မပြုတ်တတ်တာကြောင့် ခေါက်ဆွဲဘူးနဲ့သာ နစ်ပါးသွားရတယ် ။
*အရင်လိုမင်းရှိရင်သိပ်ကောင်းမှာပဲ
လွန်ခဲ့တဲ့ သုံးနစ်က အချိန်တွေကို လွမ်းမိသားပဲ
ဆိုဖာပေါ်ထိုင်ကာ TVကြည့်ရင်း ခေါက်ဆွဲပြုတ်သာစားနေသည် ။
* I wish I could stay with you ~~ (Ringtone)
ဖုန်းသံကြားလို့ ကြည့်လိုက်တော့ Mark
ကိုင်လိုက်တာနဲ့ ချက်ချင်းကို အသံကြားရတော့သည် ။"Oh TaeTaeလေး နောက်ဆုံးးတော့ လက်ခံပြီပေါ့ အရမ်းလွမ်းနေတာ "
"ဟူးး Mark ငါ့ကို အဲ့လိုလာလာမပြောနဲ့လို့ "
"ကိုယ်မင်းကိုချစ်တယ် Kim Taehyung "
"ငါတော့မင်းကို သူငယ်ချင်းထက်မပိုဘူး Jung Mark Son "
"ကိုယ်မင်းကို စောင့်နေတာ ကြာလှပြီ ကိုယ်ဘယ်လိုလုပ်မှ မင်းအချစ်ကို ရမှာလဲ "
"အထပ်ထပ်အခါခါပြောရမှာလား မင်းနာကျင်ရမယ်ဆိုတာကို သိနေရက်နေလေ .."
"ကိုယ်တောင်းပန်ပါတယ် ဒီညတော့လာခဲ့ပါ ။ အချိန်နဲ့ လိပ်စာပို့ထားမယ် "
"အင်း .."
Mark ကြောင့်လူက စိတ်ရှုပ်သွားခဲ့တယ် ။ မတတ်နိုင်ဘူးလေ ။ Mark ကို သံယောဇဉ်ရှိပါတယ် ။ သူငယ်ချင်းထက်ကို မပိုဘူး ။
လွန်ခဲ့တဲ့ ၅နစ်ကျော်တုန်းက မင်းလည်း ငါ့ကို အရင်လိုက်ခဲ့တာပဲနော် ငါရဲ့လူဆိုးကောင်ငယ်လေး ..
YOU ARE READING
𝖫𝗈𝖵𝖾 𝖬𝖾 𝖠𝗀𝖺𝗂𝗇 On Rainy Days
FanfictionI wish you would love me again Kim Taehyung Kim Taehyung × Jeon Jungkook Taekook OST - Love me again & Rainy Days by Kim Taehyung 6K ပြည့်သွားတဲ့အတွက်အများကြီး ကျေးဇူးတင်ပါတယ်ရှင့် ။။ ဒါလေးကတော့လက်ဆောင်လေးပါ ။ Update မမှန်တာက...