ကျောက်စိမ်းပင်လယ်ပြင်သည် သတင်းစကားတစ်ခုကြောင့်မငြိမ်မသက်ဖြစ်လာရ၏။ပင်လယ်နေရေသူထီး
ရေသူမအားလုံးသည် ဇင်ယော်ငှက်တစ်ကောင်အနားဝယ် စုပြုံမေးမြန်းနေကြသည်။"ဝေသ.....တကယ်ပဲလား.....ရေသူအရှင်တကယ်လူပြန်ဝင်စားပြီလား"
ဇင်ယော်ဝေသနှင့်အနီးဆုံးဖြစ်သော နွယ်မှော်ဆိုသည့်
ရေသူမက မျက်ရည်များဝဲနေရင်း အသံတုန်တုန်ဖြင့်
မေးလိုက်သည်။စိတ်လှုပ်ရှားမှုကြောင့် သူမ၏ပန်းရောင်တောက်တောက်အမြီးဖျားက ယိမ်းထိုးလှုပ်ရှားနေ၏။"ဟုတ်တယ်....ဟုတ်ပါတယ်ဆိုဗျာ.....ခင်ဗျားတို့ရေသူတွေမပြီးနိုင်တော့ဘူးလား"
အတည်ပြုချက်တစ်ခုရပြီးနောက်ဝယ် ရေသူများအားလုံးပြုံးရွှင်သွားကြသည်။
"စစ်သူကြီးမုဒ္ဒလာနေတယ်"
"ယာယီအရှင်ရောက်လာတယ်တဲ့ဟေ့.....ဖယ်ပေးကြ"
မုဒ္ဒရောက်လာသည်နှင့် ရေသူများအားလုံးငြိမ်သက်သွားကြပြီး မုဒ္ဒအတွက်လမ်းဖယ်ပေးကြသည်။ရေသူမလေးများကတော့ မုဒ္ဒ၏ကျယ်ပြန့်သောကျောပြင်ကြီးနှင့် လှပစွာယိမ်းထိုးကူးခပ်နေသောငွေရောင်အမြီးကြီးကို ငေးမောနေကြသည်။
အမြီးအရောင်နှင့်မျက်လုံးရောင်တစ်သားတည်းဖြစ်သော ရေသူတို့၏သဘာဝအရ မုဒ္ဒ၏မျက်လုံးများမှာလည်း ငွေရောင်တောက်နေ၏။ငွေရောင်မျက်လုံးများက
ဝေသထံတည့်တည့်မတ်မတ်ကျရောက်လာသည်။
ဝေသ မျက်စိရှေ့ကရေသူကို တအံ့တသြငေးနေမိ၏။ရေသူအရှင် သေဆုံးသွားပြီးနောက် စစ်သူကြီး
မုဒ္ဒက ကျောက်စိမ်းပင်လယ်၏ယာယီအရှင်ဖြစ်သွားပြီး
ရေသူတိုင်းပြည်နှင့်ပင်လယ်ကိုအုပ်ချုပ်နေသည်။ရေသူအရှင်မရှိသည့်နှစ်ပေါင်း၆၀၀အတွင်း ပုလဲနက်နန်းတော်ထဲမှာပဲနေခဲ့သူလည်းဖြစ်သည်။ထို့ကြောင့် နောက်ပေါက်ရေသူလေးများဆိုလျှင် စစ်သူကြီးမုဒ္ဒကိုမမြင်မတွေ့ဖူးကြပေ။သူတို့မိဘများပြောသော ကျောက်စိမ်းပင်လယ်ရှ်ရေသတ္တဝါအားလုံးကို ရေသူတိုင်းပြည်၏အုပ်ချုပ်မှုအောက်ရောက်ရန်ရေသူအရှင်၏ကြိုးပမ်းမှုများတွင်
ရှေ့တန်းမှတစိုက်မတ်မတ်ပါဝင်ခဲ့သော ရဲရင့်ထက်မြက်သည့် ငွေရောင်အမြီးရှင်စစ်သူကြီးအကြောင်းကိုသာ
တမေ့တမောနားထောင်နေခဲ့ကြရသည်။
YOU ARE READING
ကျောက်စိမ်းပင်လယ်မှမြူခိုးပုံပြင်
Fantasyမြူခိုးတွေမှိုင်းဝေနေတဲ့နေ့မှာမွေးဖွားလာတဲ့ ရေသူတိုင်းပြည်ရဲ့မင်းသားလေး မြူခိုးမှိုင်း ကျောက်စိမ်းပင်လယ်ရဲ့မြူခိုးလေးလို့တောင် တင်စားကြတဲ့မင်းသားလေးဟာ ရေသူတွေ ကျောက်စိမ်းပင်လယ်ကြီးကိုအုပ်စိုးနိုင်အောင် လုပ်ပေးခဲ့တဲ့သူလည်းဖြစ်တယ် ကျောက်စိမ်းပင်လယ်တစ်...