မယ်လွန်းရာက လက်သည်းရှည်များကိုထုတ်ကာ
မုဒ္ဒထံခုန်ဝင်လာသည်။သူမ၏ပစ်မှတ်ကား မုဒ္ဒရင်ခွင်တွင်းမှကလေးငယ်ပင်။မုဒ္ဒ ဝဇီရာဓားနှင့်ခုခံလိုက်တော့ သူမလွင့်စင်ထွက်သွားသည်။သူမလွင့်ထွက်သွားသည်နှင့် မိကျောင်းခြောက်ကောင်က သူ့ထံပြေးဝင်လာကြပြန်၏။သူ့ကိုဝိုင်းလာကြသောမိကျောင်းများကို မုဒ္ဒ လေအဟုန်ကဲ့သို့လျင်မြန်ခြင်းမျိုးနှင့်ဓားနှင့်လိုက်ပိုင်းသည်။မိကျောင်းသွေးများက သောင်ပြင်သဲဖြူဝါဝါတို့အပေါ် စွန်းထင်းသွားကြ၏။
မိကျောင်းတစ်ကောင်ကမုဒ္ဒကိုအတင်းဝင်ခဲသည်။
မုဒ္ဒ ဝဇီရာကိုလွှဲခုတ်လိုက်ရာ မိကျောင်းကိုယ်တစ်ပိုင်းပြတ်ပြီး သဲပြင်၌အချိုင့်ကြီးဖြစ်သွားသည်။နောက်ထပ်မိကျောင်းများကိုပါဝဇီရာနှင့်လိုက်တိုက်၏။
မိကျောင်းတို့ကသူ၏သန်မာသောအမြီးကြီးများနှင့်
ရိုက်ခတ်ခုခံကြသော်လည်း သူတို့ထက်များစွာစွမ်းအားကြီးသောဝဇီရာဓားကို မတွန်းလှန်နိုင်ကြပေ။လက်တစ်ဖက်ဖြင့်အားကုန်လွှဲယမ်းနေစဉ် ယခုန
မိကျောင်းများထက်အဆတစ်ရာမျှကြီးမားသော
မိကျောင်းကြီးတစ်ကောင်က ပင်လယ်ထဲမှတက်လာသည်။ထိုမိကျောင်းကား မယ်လွန်းရာကမိကျောင်းအသွင်ပြောင်းထားခြင်းပင်။မယ်လွန်းရာသည် သွားစွယ်ကြီးများအပြည့်ဖြစ်နေသော
ခံတွင်းဝကိုဖွင့်လျက် တန်ခိုးတို့ကိုခံတွင်းမှထုတ်လွှတ်သည်။ဝဇီရာနှင့်မိကျောင်းတော်ဝင်မျိုးနွယ်၏တန်ခိုးနှစ်ခုလုံးက မယုတ်မလွန်အင်အားကြီးသောအရာများဖြစ်ကြရာ ဝဇီရာသည်မိကျောင်များကိုတိုက်ခိုက်စဉ်တုန်းကလို အသာလေးအနိုင်မယူလိုက်နိုင်ဘဲ အားထုတ်
တိုက်ခိုက်ရတော့သည်။ဝဇီရာ၏စွမ်းအင်ထဲသို့ မုဒ္ဒ သူ၏တန်ခိုးစွမ်းအားအချို့ပါပေါင်းထည့်ပေးလိုက်သည်။ထိုအခါ ကိုယ်တွင်းခံစားမှုမှအချက်ပြခြင်းကြောင့် မုဒ္ဒတစ်စုံတစ်ရာကို
ထိတ်လန့်သွားရ၏။ပင်လယ်ချောက်နက်၏အမှောင်ထုစွမ်းအင်များက သူ့ကိုယ်ထဲရစ်ပတ်စီးဆင်းနေဆဲ။
ထိုစွမ်းအင်များကိုထိန်းချုပ်မထားနိုင်လျှင်
အမှောင်ထု၏ဖုံးလွှမ်းခြင်းကိုခံရတော့မည်။
YOU ARE READING
ကျောက်စိမ်းပင်လယ်မှမြူခိုးပုံပြင်
Fantasyမြူခိုးတွေမှိုင်းဝေနေတဲ့နေ့မှာမွေးဖွားလာတဲ့ ရေသူတိုင်းပြည်ရဲ့မင်းသားလေး မြူခိုးမှိုင်း ကျောက်စိမ်းပင်လယ်ရဲ့မြူခိုးလေးလို့တောင် တင်စားကြတဲ့မင်းသားလေးဟာ ရေသူတွေ ကျောက်စိမ်းပင်လယ်ကြီးကိုအုပ်စိုးနိုင်အောင် လုပ်ပေးခဲ့တဲ့သူလည်းဖြစ်တယ် ကျောက်စိမ်းပင်လယ်တစ်...