"ဖေဖေ"
မြူ ဖေဖေ့ဆီပြေးလာတော့ ဖေဖေက လက်နှစ်ဖက်လုံး
စာရွက်များအပြည့်ကိုင်ထားရာမှ လက်တစ်ဖက်ထဲသို့
လွှဲပြောင်းယူပြီး အားသွားသောလက်တစ်ဖက်နှင့်
မြူ့ကိုဆီးပွေ့ပြီး သူ့ပေါင်ပေါ်တင်လိုက်သည်။"ပင်ပန်းနေပြီလားဖေဖေ...သားနှိပ်ပေးရမလား"
"ဟာ...... ဖေဖေ့သားကြီးကအားကိုးနေရပါပြီလား....
တော်လိုက်တာကွာ....ဒီကပြန်မှသားလိုချင်တာလိုက်ဝယ်ပေးမယ်နော်"ဖေဖေက မြူ့ပါးကိုရွှတ်ခနဲနမ်းလိုက်ရင်း စာရွက်တွေဆီအကြည့်ရောက်သွားပြန်သည်။စာရွက်ပေါ်ကစာလုံးပိစိလေးတွေကို မြူနားမလည်သော်လည်း လိုက်ကြည့်နေမိ၏။ထိုအခိုက် ဉီးမျိုးသူရာက "ကိုသီဟရေ"ဟု
တကြော်ကြော်အော်လျက် ဝင်လာလေသည်။"ဟာ.........မြူသလ္လာလေးပါရောက်နေတာကိုးး.....
ကဲ...ကိုသီဟ..ကျွန်တော်တို့ကိုရေငုပ်သင်္ဘောချပေးမယ်တဲ့"
သီဟမောင်မျက်နှာမှာ အပြုံးရောင်တောက်သွားသည်။"ဝမ်းသာစရာပဲဗျာ.....ဒီလိုဆိုမကြာခင်လုပ်ငန်းစလို့ရပြီ"
"ရေအောက်မှာအသုံးဝင်တာတစ်ခုခုရှာတွေ့ပါစေပဲ
ဆုတောင်းတယ်ဗျာ.....မဟုတ်ရင်ခင်ဗျားတို့ရေအောက်သုတေသနလုပ်ငန်းစဉ်က အလကားသက်သက်ငွေဖြုန်းတာဆိုပြီးကျုပ်တို့ခေါင်းပေါ်ကျလာမှာစိုးလို့""သူတို့ကရေအောက်စူးစမ်းလေ့လာရေးရဲ့အနှစ်သာရကိုမသိတဲ့လူတွေပဲဗျာ....ထားလိုက်ပါ....ကျွန်တော်ကတော့
ကျောက်စိမ်းပင်လယ်ရေအောက်ထဲဘာတွေရှိသလဲ
သုတေသနလုပ်ရတာပဲကျေနပ်တယ်....နိုင်ငံတကာမှာသူတို့ရဲ့ပင်လယ်တွေသမုဒ္ဒရာတွေမြစ်ချောင်းတွေထဲကို
သုတေသနလုပ်ပြီးကြပြီဗျ.....ကျွန်တော်တို့နိုင်ငံသာနောက်ကျနေတာ""ဒါနဲ့နေပါဉီး.....ကိုသီဟကိုကျွန်တော်မေးချင်နေတာ...
ပင်လယ်တွေအများကြီးထဲကမှ ကျောက်စိမ်းပင်လယ်ကိုဘာလို့ရွေးတာလဲ....ပြီးတော့ကျောက်စိမ်းပင်လယ်ကလည်း ကိုသီဟသိတဲ့အတိုင်းပဲလေ""ကျွန်တော်တော့ ဒဏ္ဍာရီလိုလို ပုံပြင်လိုလိုဟာတွေကို
စိတ်ထဲထည့်မနေဘူး....တကယ်ရှိနေတယ်ဆိုရင်တောင်
အခုခေတ်ရေမြုပ်ဗုံးတစ်လုံးလောက်ပဲပစ်ထည့်လိုက်စမ်းပါ....ဒင်းတို့မျိုးတုန်းသွားလိမ့်အုန်းမယ်.....အဲ....မျိုးတုန်းသွားလို့လည်းမဖြစ်သေးဘူးဗျ.....ရေသူတွေ့ရင်
သုတေသနလုပ်ဖို့ကုန်းပေါ်ဖမ်းခဲ့ရမယ်...ကျွန့တော်တို့
နိုင်ငံကသာ ရေသူအကြောင်းအရင်ရှာဖွေတွေ့ရှိခဲ့ရင်
ဘယ်လောက်ဂုဏ်ယူစရာကောင်းမလဲ"
YOU ARE READING
ကျောက်စိမ်းပင်လယ်မှမြူခိုးပုံပြင်
Fantasyမြူခိုးတွေမှိုင်းဝေနေတဲ့နေ့မှာမွေးဖွားလာတဲ့ ရေသူတိုင်းပြည်ရဲ့မင်းသားလေး မြူခိုးမှိုင်း ကျောက်စိမ်းပင်လယ်ရဲ့မြူခိုးလေးလို့တောင် တင်စားကြတဲ့မင်းသားလေးဟာ ရေသူတွေ ကျောက်စိမ်းပင်လယ်ကြီးကိုအုပ်စိုးနိုင်အောင် လုပ်ပေးခဲ့တဲ့သူလည်းဖြစ်တယ် ကျောက်စိမ်းပင်လယ်တစ်...