Part 6

8 1 0
                                    

After 20 years later

Misty travel agencyအတွင်းမှဝန်ထမ်းများ
အလုပ်လုပ်နေရာမှ အညှို့ခံလိုက်ရသလိုငေးခနဲဖြစ်သွားကြသည်။မန်နေဂျာကိုသက်အောင်က
"ကောင်မလေးတွေအလုပ်လုပ်ကြလေ...ဘာငေးနေတာတုန်း"ဟုဆော်သြလိုက်ပြီး မိန်းကလေးများ၏အကြည့်တို့စုပြုံရာကိုအကြည့်ရောက်သွားတော့ "အော်...သူတို့ငေးတာလည်းမထူးဆန်းပါဘူး"ဟု စိတ်တွင်းမှမှတ်ချက်ချမိ၏။

agencyထဲဝင်လာသည်က ငယ်ရွယ်သောယော်ကျားပျိုသုံးဉီး။တစ်နည်းအားဖြင့် မိန်းကလေးတို့၏အသည်းစွဲ
အဆင်လေးသုံးဉီး။

ညာဘက်အစွန်ဆုံးရှိ ဆံပင်ကိုဉီးရေပြားပေါ်အောင်
တိုတိုရှင်းရှင်းညှပ်ထားပြီး ငယ်ရွယ်ဖြူသန့်သောမျက်နှာနုနုကတည်တံ့နေသည့်ကောင်လေးက
မြန်မာနိုင်ငံ ရေအောက်သုတေသနပညာရှင်အသင်းကြီး၏ဉက္ကဠ ဉီးမျိုးသူရာ၏သား သူရာမင်းခေါင်ပင်။

ဘယ်ဘက်အစွန်မှ ဆံပင်ဖွာရရဲနှင့်ကျစ်လျစ်သော
ခန္ဓာကိုယ်မှာကြွက်သားအဖုအထစ်တို့ကတင်းရင်းနေကာ ခပ်ပြုံးပြုံးမျက်နှာထားနှင့်အညိုစင်ကောင်လေးကတော့ သယံဇာတထိန်းသိမ်းရေးဌာနဝန်ကြီး၏
သားတော်မောင်ဝီရလုလင်ဖြစ်သည်။

အလယ်မှ အသားအဖြူဆုံး အချောမောဆုံးနှင့်မျက်နှာအချိုဆုံးကောင်လေးမှာတော့ တစ်ချိန်က ကျောက်စိမ်းပင်လယ်ကမ်းစပ်ရှိကျောက်ဆောင်ပေါ်တွင် ရေသူထီးတစ်ဉီးကို "ကိုကို" "ကိုကို"ချင်းထပ်အောင်ဆိုးနွဲ့ခဲ့ဖူးသော မြူသလ္လာမောင်ပင်ဖြစ်လေသည်။

မြူသလ္လာမောင်၏ထူထဲပျော့ပျောင်းသောဆံပင်များက
နဖူးပေါ်ဝဲကျနေသည်။ဆံနွယ်အနားသတ်လိုင်း၏အောက်တွင် ကြယ်ပွင့်လေးများနှယ်ရွှန်းလဲ့တောက်ပသောမျက်ဝန်းတစ်စုံရှိ၏။စင်းဖြောင့်သောနှာတံအဆုံးတွင် ပါးလျားသော်လည်း မြားနတ်မောင်
လေးကိုင်းလိုကွေးညွတ်လှပသည့်နှုတ်ခမ်းတစ်စုံက
ပန်းနုနီရောင်စိုရဲနေခြင်းမဟုတ်ဘဲ စက္ကူဖြူပေါ်
ခဲသားဖြင့်ခပ်ဖွဖွရေးခြယ်ထားသလို မှုန်ရီဖျော့ဖျော့။
မြူသလ္လာမောင့်မျက်နှာတစ်ပြင်လုံးတွင် အထင်ရှားဆုံးကား ဘယ်ဘက်ပါးမို့ဖြူနုနုပေါ်မှစံပယ်တင်မှဲ့စိမ်းညှို့ညှို့ကလေးပင်။

ကျောက်စိမ်းပင်လယ်မှမြူခိုးပုံပြင်Where stories live. Discover now