Part 4

11 1 0
                                    

ပုလဲနက်နန်းတော်အတွင်း၌ ထင်မှတ်မထားသော
ဧည့်သည်တစ်ဉီးရောက်ရှိနေလေသည်။မိကျောင်းမင်းသမီးမယ်လွန်းရာသည် ကြင်ယာတော်ထိုင်ရမည့်
နေရာတွင်ပိုင်စိုးပိုင်နင်းဝင်ထိုင်ရင်း သလင်းကျောက်
ကျောက်ဖျာပေါ် ရှည်လျားသောလက်သည်းချွန်စိမ်းစိမ်းများနှင့် တဒေါက်ဒေါက်ခေါက်နေလေသည်။

"အဘယ်အရေးကြောင့်ကြွချီလာရပါသလဲမိကျောင်း
မင်းသမီး"

သန္တရရောက်လာပြီး မယ်လွန်းရာကိုနှုတ်ဆက်ကာ
မေးလိုက်သည်။သန္တရ၏မျက်နှာသည် ကျင့်ဝတ်အရ
ပြုံးနေသော်လည်း မျက်ဝန်းနီတို့က ကြင်ယာတော်စံမြန်းရာကျောက်ဖျာထံ၌သာ စူးစူးရဲရဲကျရောက်နေသည်။

"အမတ်သန္တရ......ကြင်ယာလက်စွပ်ရဲ့သခင်မဖြစ်တဲ့
ငါက ကြင်ယာတော်နေရာမှာနေတာဆန်းသလား"

သန္တရအပြုံးတွင် လှောင်ရယ်ရိပ်များစွန်းထင်းလာသည်။လက်ထပ်ပွဲကို ရေသူအရှင်က တရားဝင်
တိုင်းသိပြည်သိဖျက်သိမ်းခဲ့ခြင်းဖြစ်ပြီး ကြင်ယာတော်များကိုပေးအပ်ရသောကြင်ယာလက်စွပ်ကလည်း
လူသားရေသူစစ်ပွဲဖြစ်လာ၍ ပြန်လည်သိမ်းယူရန်
မေ့လျော့ခဲ့ခြင်းဖြစ်သည်။မယ်လွန်းရာက ဒါကို
အခွင့်ကောင်းယူ၍မပြီးတော့။

"အသင်မင်းသမီးစကားကိုကြားတော့ စစ်ပွဲတွင်းမှာ
ရေသူအရှင်​ပြောခဲ့တဲ့နှုတ်ထွက်စကားကိုတောင်
သတိရမိပါသေးရဲ့"

"မောင်တော်မြူခိုးကဘာကိုများမိန့်ကြားခဲ့ပါစ"

"စစ်ပွဲ​ကြောင့်ကြင်ယာလက်စွပ်ကိုပြန်လည်သိမ်းယူဖို့
မေ့လျော့ခဲ့တယ်.....ရှိစေတော့.....ဘာမဟုတ်တဲ့
လက်စွပ်တစ်ကွင်းကြောင့်စစ်ပွဲမနှောင့်နှေးစေလိုဘူးတဲ့"

မယ်လွန်းရာ၏မျက်နှာနီရဲတင်းမာသွားသည်။

"တယ်အတင့်ရဲလှပါကလားးးးး....သင့်လိုအမတ်သာမညတစ်ဉီးရဲ့စကားကိုငါကအရေးလုပ်မယ်ထင်နေသလား"

မယ်လွန်းရာ ဟန်ချီ၍ဟိန်းဟောက်ပြောဆိိုလိုက်သော်လည်း သန္တရကမမှုပေ။ထိုစဉ် ယာယီအရှင်
ခန်းမဆောင်ထဲသို့ဝင်ရောက်လာသည်။မယ်လွန်းရာပေါ်သို့ကျရောက်လာသောငွေရောင်မျက်လုံးများက
ကျောရိုးထဲစိမ့်တက်သွားစေပြီး ထိုမျက်လုံးများကို
ရင်ဆိုင်ရန်အားအင်တို့အလိုလိုပျောက်ဆုံးကာ မယ်လွန်းရာမျက်လွှာချမိသည်။

ကျောက်စိမ်းပင်လယ်မှမြူခိုးပုံပြင်Where stories live. Discover now