ကျောက်စိမ်းပင်လယ်ကမ်းစပ်ရှိကျောက်ဆောင်တစ်ခုပေါ်တွင် ပင်လယ်ကိုမျက်နှာမူလျက်မုဒ္ဒရပ်နေမိသည်။
ပင်လယ်ပြင်သည် လှိုင်းကြက်ခွပ်လေးများထလျက်
ညနေခင်းလေနုအေးလေးကလည်းတိုက်ခတ်နေ၏။
မကြာခင် နေဝင်ပြီးအမှောင်ကျတော့မည်။မုဒ္ဒ ဆည်းဆာချိန်ကိုအလွန်နှစ်သက်သည်။သို့သော်
သူဆည်းဆာကိုစောင့်မကြည့်ဖြစ်ခဲ့တာတော်တော်ကြာပြီ။ကျောက်စိမ်းပင်လယ်၏ဆည်းဆာချိန်ကား ပန်းချီကားတစ်ချပ်သဖွယ်။ရွှေရောင်လဲ့လဲ့နေခြည်က လှိုင်းကြက်ခွပ်လေးများထနေသောရေပြင်စိမ်းစိမ်းပေါ်
လွှမ်းခြုံထားသည်။ရေပြင်သည် စိမ်းဝါရောင်တောက်လက်နေပြီး လှိုင်းတစ်ချက်ထလိုက်တိုင်း ရွှေမှုန်တွေ
ကြဲလိုက်သလို လက်ခနဲ တောက်ပသွား၏။ပင်လယ်ပျော်ငှက်တွေကလည်းအိပ်တန်းပြန်ခါနီး အချင်းချင်း
နှုတ်ဆက်သောအားဖြင့် သာယာတီတာသံတို့
မြည်ကြွေးနေကြသည်။ဝါရဲရဲကောင်းကင်ထက်က
ပျားရည်ဆမ်းသောဝါဂွမ်းတွေလိုတိမ်မျှင်တိမ်လိပ်တွေ
အောက်မှာ ရွှေချထားသလိုဝါလဲ့နေသည့်အုန်းပင်
လမုပင်တွေက ညင်သာယိမ်းနွဲ့နေကြသည်။သောင်ပြင်သဲဖြူဝါဝါတို့မှာလည်း ရွှေရောင်ရင့်ရင့်သို့ပြောင်းနေကြလျက်။ပတ်ဝန်းကျင်တစ်ခုလုံးကို ရွှေရည်လောင်းထားသလိုပင်။မြူ ကမ်းစပ်မှာခရုခွံတွေကောက်နေရင်း ကျောက်ဆောင်တစ်ခုပေါ်က သဏ္ဍာန်တစ်ခုကို
သတိထားမိသည်။ထိုသဏ္ဍာန်၏ဆွဲငင်မှုကြောင့် ခရုခွံလေးများကိုဘောင်းဘီအိတ်ကပ်ထဲထည့်ရင်း
ကျောက်ဆောင်အနားတိုးကပ်သွားမိ၏။မုဒ္ဒ နီးကပ်လာသောခြေသံဖွဖွလေးကိုကြားရခိုက်ဝယ်
ရင်ခုန်သံတို့စည်းချက်မညီတော့ပေ။အရှင်........
မုဒ္ဒရဲ့အရှင်။အရှင်သည် သူ့နောက်ကျောနှင့်အနီးဆုံးသို့
ရောက်နေပြီ။မုဒ္ဒ လှည့်ကြည့်လိုက်တော့ လူဝင်စားရေသူအရှင်လေးက ကျောက်ဆောင်ပေါ်ခြေထောက်ကလေးမြှောက်လျက်တက်မည်ပြုနေ၍ သွားရောက်ပွေ့ချီလိုက်သည်။
စွေ့ခနဲပါလာသောကိုယ်လုံးအိအိလေးနှင့်အတူ
မြူ့မျက်လုံးလေးများဝိုင်းစက်သွား၏။မြူ့ကိုလာချီသူ
ကိုကြည့်လိုက်တော့ နေရောင်လွှမ်းနေသည့်
ငွေရောင်မျက်ဝန်းတွေကိုအရင်တွေ့ရသည်။မြူ တအံ့တသြငေးစိုက်ကြည့်မိသွား၏။အတန်ကြာမှ.....

YOU ARE READING
ကျောက်စိမ်းပင်လယ်မှမြူခိုးပုံပြင်
خيال (فانتازيا)မြူခိုးတွေမှိုင်းဝေနေတဲ့နေ့မှာမွေးဖွားလာတဲ့ ရေသူတိုင်းပြည်ရဲ့မင်းသားလေး မြူခိုးမှိုင်း ကျောက်စိမ်းပင်လယ်ရဲ့မြူခိုးလေးလို့တောင် တင်စားကြတဲ့မင်းသားလေးဟာ ရေသူတွေ ကျောက်စိမ်းပင်လယ်ကြီးကိုအုပ်စိုးနိုင်အောင် လုပ်ပေးခဲ့တဲ့သူလည်းဖြစ်တယ် ကျောက်စိမ်းပင်လယ်တစ်...