Intro

426 37 16
                                    

"ဝုန်း"

"အုန်း"

နေရာကား တရုတ် မြန်မာ နယ်စပ်တနေရာ..။ လက်နက်ကြီးကျသံတွေ ကြားမှာ ရှောင်းကျန့်တယောက် ဝပ်၍ နေရသည်..။

"ဒိုင်းဒိုင်းဒိုင်း ဒက်ဒက်ဒက်"

Shit!! လက်နက်ငယ်အသံတွေပါ ကြားနေရရင် နှစ်ဖက်တပ်က နီးနေပြီ..။ ရှောင်းကျန့် တရာ့တကြိမ်မြောက်အဖြစ် ဝမ်ရိပေါ်နှင့် လီဟုန်မြန်ကို ကျိန်ဆဲမိပြန်သည်..။

လီဟုန်မြန်က ဘယ်သူလဲ ဟုတ်လား..။ အဲ့ဒါ ရှောင်းကျန့် ရည်းစား..။ ဝမ်ရိပေါ်ကကျ လီဟုန်မြန်ရဲ့ ရည်းစား..။

ရှောင်းကျန့်အတွေးက လွန်ခဲ့သည့် ၂၄နာရီကို ပြန်ရောက်သွားသည်..။

***

လွန်ခဲ့သော ၂၄နာရီက..

"ငါတို့ ဘယ်လိုလုပ်ကြမလဲ"

"ဘယ်လိုလုပ်ရမှာလဲ.. ဒီအတိုင်း စောင့်ကြည့်နေရုံ ရှိတာပဲ"

ရှောင်းကျန့်တို့က နယ်လှည့်ဆေးကုသသော NGO အဖွဲ့က..။ ရှောင်းကျန့်နှင့် လီဟုန်မြန်က ဆရာဝန်တွေ..။ ကျန်တဲ့ အဖွဲ့သားတွေလည်း ပါသည်..။ သူနာပြု ငါးယောက်..။ စာရင်းကိုင်တယောက်..။ အထွေထွေလုပ်သားတယောက်..။ ကားဒရိုင်ဘာ တယောက်..။ ဓာတ်ခွဲကျွမ်းကျင်တယောက်နှင့် အဖွဲ့ခေါင်းဆောင် မန်နေဂျာတယောက်..။

နယ်လှည့်ဆေးကုသသည့်အခါမှာ တရုတ်ပြည်မကြီး နေရာအနှံ့သွားရသည်..။ ဒီတခေါက်က မြန်မာ တရုတ်နယ်စပ်ကို လာရာမှ စစ်ပွဲနှင့် တည့်တည့်တိုးနေခြင်း..။

စစ်ပွဲဆိုသည့်နေရာက မည်သူ့အတွက်မှ လုံခြုံရေး အာမခံချက်မရှိ..။ တရုတ်ပြည်ကလည်း မြန်မာဘက်က ဒုက္ခသည်တွေ အဝင်များလွန်းလို့ ဂိတ်ပိတ်လိုက်ပြီ..။ အခု အရေးကြီးနေတာက အဲ့ဂိတ်ကို သွားဖို့ကို လမ်းမှာ မလုံခြုံ..။

"ရိက္ခာက ပြတ်တော့မယ်နဲ့ တူတယ်"

"ငါ ရိက္ခာ သွားရှာလိုက်မယ်"

ရှောင်းကျန့်က ဝင်ပြောသည်..။ ဘာဖြစ်လာမယ် မသိပဲ ထိုင်စောင့်နေရတာ သူမွန်းကျပ်လှပြီ..။

"မင်းတယောက်ထဲ ဗမာစစ်သားတွေနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ.. မင်းလို ဖြူဖျော့ဖျော့နဲ့ အရိုးပေါ် အရေတင်က သူတို့ တချက်ရိုက်စာတောင် မရှိဘူး.. သူရဲကောင်း မလုပ်ချင်စမ်းပါနဲ့ ရှောင်းကျန့်"

တဖန် ပြန်လည်၍..Where stories live. Discover now