Part - 6

174 36 44
                                    

ရှောင်းကျန့်တို့ ဒီတခါ သွားရသည့် ခရီးက အညိုရောင်နယ်မြေ..။ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိသည့်နေရာ..။ ဒီတခါတော့ သူရယ် လီဟုန်မြန်ရယ်ပဲ ခေါင်းဆောင်ပိုင်းက ပါသည်..။ ဝမ်ရိပေါ် မပါ..။

ခရီးက နည်းနည်းကြမ်းသည်..။ လမ်းမှာ ကားဘီးပေါက်လို့ နားရသေးသည်..။ နည်းနည်းမဟုတ်ပါဘူး.. များများကြမ်းတာပါ..။ လမ်းမှာ ကျောက်ခဲ စားထားရင်ကို အစာကြေလောက်သည်..။

သူတို့ သတ်မှတ်ထားသည့်ရွာ ရောက်တော့ ‌ရွာလူကြီးတွေနှင့်တွေ့ပြီး ကျန်းမာရေး စစ်ဆေးဖို့အကြောင်း ပြောကြသည်..။ ရွာလူကြီးကလည်း သဘောတူသည်..။ သွားလာရ ခက်ခဲသော ရွာသုံးရွာရှိတော့ ထိုသုံးရွာကို သွားပေးစေချင်သည်..။ ရှောင်းကျန့်တို့ကလည်း သဘောတူလိုက်သည်..။

ရွာကလေးတွေက ခပ်သေးသေး..။ အကျယ်ဆုံးဆိုသည့် အိမ်မှာတောင် ရှောင်းကျန့်တို့ အားလုံး ချောင်ချောင်ချိချိ မနေနိုင်..။ ရှောင်းကျန့်တို့ လူဟောင်းတွေအတွက်ကတော့ ဒါမျိုးတွေက ရိုးနေပြီ..။ ဖြစ်သလို အိပ် ဖြစ်သလိုစားပဲ..။ ခုလည်း သူတို့ ပေးသည့် အိမ်အပေါ်ထပ်မှာ ဟိုဘက်ဒီဘက်ခွဲ၍ လိုက်ကာကြီး ကန့်လိုက်သည်..။ ဒီဘက် လှေကားဘက်ခြမ်းမှာ ယောကျာ်းလေးတွေ တန်းစီအိပ်..။ ဟိုဘက်ခြမ်းမှာ မိန်းကလေးတွေ တန်းစီအိပ်..။

ခြင်ထောင်ထောင်လို့မရ..။ တော်သေးတယ်.. ခြင်ကလည်း မကိုက်လို့..။ ဒီလိုပဲ ပူးကပ်တိုးဝှေ့ပြီး အိပ်ကြသည်..။ ရှောင်းကျန့်က ဒီဘက်ထောင့်ဆုံးမှာ..။ သူ့ဘေးမှာ လီဟုန်မြန်..။ လီဟုန်မြန့်ဘေးမှာ ဓာတ်ခွဲကျွမ်းကျင် ကောင်လေး..။

ပြဿနာက မနက်မိုးလင်းတိုင်း သူက လီဟုန်မြန့် ရင်ခွင်ထဲ ရောက်နေခြင်း..။ ပထမနေ့မနက် ရှောင်းကျန့် အရင်နိုးလာတော့ သူ မျက်နှာပူပူနှင့်ပဲ ရင်ခွင်ထဲက ရုန်းထွက်လိုက်သည်..။ ဒုတိယနေ့လည်း သူ မျက်စိဖွင့်လိုက်တော့ လီဟုန်မြန်က သူ့ကို ပြုံး၍ ငုံ့ကြည့်နေသည်..။ ရှောင်းကျန့် အားနာနာနှင့် ဆောရီးလို့ ပြောတော့ ဘာမှမဖြစ်သလိုပဲ..။ ရပါတယ်တဲ့..။

ကြာတော့ သူ အတွေးတွေ များရသည်..။ လီဟုန်မြန်က ဝမ်ရိပေါ်ကို ကြိုက်တာလား မကြိုက်ဘူးလား..။ ဝမ်ရိပေါ်ကို ကြိုက်ပေမယ့် သူ့ကို ဒီအတိုင်း အသားယူနေတာလား..။ ဒါမှမဟုတ် ရှောင်းကျန့်ကပဲ ချမ်းလို့ အနွေးဓာတ်ရှာရင်း သူ့ရင်ခွင်ထဲ တိုးမိသွားတာလား..။ သူ့ကို ကြိုက်နေတာလားဟုတော့ တန်းမတွေးရဲ..။

တဖန် ပြန်လည်၍..Where stories live. Discover now