Part - 2

191 36 18
                                    

"ပြီးတော့ ကျွန်တော့်ကို စောင့်ရှောက်ပေးပါဦး"

ဘာလဲဟ..။ သေချာပေါက် ကျွန်တော်တို့ ဒေါက်တာလီကို စောင့်ရှောက်ပေးပါဦးလို့ အရင်က ပြောခဲ့တာပါ..။ ရှောင်းကျန့်တောင်မှ  လူသစ်တွေက ဇယားပဲ.. ဒီ မန်နေဂျာဝမ်က ဒေါက်တာလီနဲ့ ကြိုက်နေတာလား...လို့တောင် တွေးလိုက်သေးတယ်..။

အဲ့တုန်းက မှတ်မှတ်ရရ သူတို့ ခရီးတခေါက်သွားပြီး ပြန်လာမှ ဝမ်ရိပေါ်က ဒီလိုပဲ သူ့ဆီလာတာ..။ အဲ့တုန်းက ရှောင်းကျန့်က လီဟုန်မြန်အပေါ် ဘာစိတ်မှမရှိသေး..။ ဒီတိုင်း ခင်စရာ ကောင်းတယ် မျက်နှာချိုတယ်လို့တော့ သတိထားမိတယ်..။

"မန်နေဂျာ ဝမ်ကတော့ နောက်ပြီဗျာ.. မန်နေဂျာလို ထက်မြက်တဲ့သူကသာ ကျွန်တော့်ကို စောင့်ရှောက်ပေးရမှာပါ"

"ဟာ.. ဘယ်ဟုတ်မလဲ.. စီနီယာ ဒေါက်တာရှောင်းကို အားကိုးရမှာပေါ့"

ဝမ်ရိပေါ်က ပြောရင်း ဖုန်းဆွဲထုတ်သည်..။

"ကျွန်တော့်ကို Facebook acc acceptပေးပါဦး.."

ရှောင်းကျန့် မပေးချင်..။ သူ့အတွေးများက အတိတ်ဆီ ပြန်ရောက်သွားသည်..။ ဝမ်ရိပေါ် သူ့ဆီ onlineမှ စကားလာပြောသည့် နေ့ကို သူ ကောင်းကောင်းကြီး မှတ်မိနေပါသေးသည်..။

***

အတိတ်

ဒီနေ့က ဝန်ထမ်းအသစ် Dr လီနှင့် ပထမဆုံး ခရီးထွက်ရမည့်နေ့..။ ရုံးမှာ တာဝန်ကျနေတုန်းကတော့ Dr လီက social ကောင်းရှာသား..။ နဂို introvert ဖြစ်သည့် ရှောင်းကျန့်တောင် ဘေးရောက်သွားသလိုလို..။ သူနာပြုလေးတွေကလည်း ဆရာလီ.. ဆရာလီနှင့်..။

ရှောင်းကျန့်က ဒါမျိုးတွေ သိပ်မတွက်ကပ်ပါဘူး..။ တယောက်ထဲနေရလေကောင်းလေပဲ..။ နောက်မှပေါက်တဲ့ ရွှေကြာပင် ဘာညာဆိုပြီးလည်း အမုန်းပွားမနေချင်ဘူး..။

ရှောင်းကျန့်တို့ သွားရမည့် နေရာက တရုတ်ပြည်၏ မိုးခေါင်ရေရှား ဒေသလေးတခု..။ သဲကန္တာရနီးပါး ပူသည်..။ ပူတော့ စိုက်ပျိုးရေးမဖြစ်ထွန်း..။ စက်ရုံအလုပ်ရုံ တည်ဆောက်ဖို့ကလည်း ပူလွန်းသဖြင့် မဖြစ်နိုင်..။ ဒီတော့ ဒေသခံတွေက စီးပွား‌ေရးမကောင်း..။ စီးပွားရေး မကောင်းတော့ လမ်းပန်းဆက်သွယ်ရေးလည်း မကောင်း..။ တခုခုဆို ဆေးရုံဆေးခန်း သွားဖို့ အဆင်မပြေ..။ ဒီတော့ အဲ့နေရာကို သွားဖို့ ရှောင်းကျန့်တို့ စီမံကိန်းချထားလိုက်ကြသည်..။

တဖန် ပြန်လည်၍..Where stories live. Discover now