Part - 3

212 37 49
                                    

ဒီနေ့ ရှောင်းကျန့် ကောင်းကောင်း နေမကောင်းချင်..။ တနေ့က မိုးရေထဲ ဆိုင်ကယ်နဲ့ ပြန်လို့လားမသိ..။ ဖျားသွားသည်..။ သူ ပြန်လာတော့တောင် သူတို့ ရုံးနှင့် ခပ်လှမ်းလှမ်းက ကော်ဖီဆိုင်မှာ ဝမ်ရိပေါ် ကား ရပ်ထားတာတွေ့သေးသည်..။ Dr လီနဲ့ပဲ နေမှာပေါ့..။ ခုဆိုရုံးက လူတွေက သူတို့ကိုတောင် စနောက်နေကြပြီ..။ ဒါပေမယ့် ဝမ်ရိပေါ်က အမြဲ ငြင်းသည်..။

နေမကောင်းတော့ ရုံးမသွားပဲ ခွင့်တိုင်လိုက်သည်..။ မားကတော့ ပြောရှာသား..။ ရုံးသွားလိုက်ပါလားတဲ့..။ ရုံးရောက်မှ ဆရာမတယောက်ယောက်ကို ဆေးထိုးခိုင်းပြီး နားနားနေနေ နေလိုက်ပေါ့တဲ့..။

ရှောင်းကျန့်က အဲ့လိုမလုပ်ချင်..။ သူက ကိုယ်ဘယ်လောက်ဒုက္ခရောက်နေပါစေ သူများကို အကူအညီတောင်းရမှာ သိပ်ဝန်လေးတဲ့သူမျိုး..။ ပြီးတော့ နေမကောင်းဘူးဆိုသည့် အကြောင်းပြချက်နှင့် ရုံးမှာ ရေသာခိုနေရမှာမျိုး မကြိုက်..။ ခွင့်ပဲ ယူလိုက်မည်..။ အိမ်မှာပဲ ဆေးသောက်ပေါ့..။ မသက်သာမှ တမျိုး စီစဉ်ကြတာပေါ့..။

ရှောင်းကျန့် လက်ဝါးထဲမှာ ဆေးတွေထည့်ပြီး ဓာတ်ပုံရိုက်ကာ တင်လိုက်သည်..။ Captionက "ဆရာဝန် နေမကောင်းတော့ ဆေးထိုးပေးမယ့်သူမရှိ 🥺" ဆိုသည့် captionလေးနှင့်..။

ခဏနေတော့ သူ news feed ပွတ်နေတုန်း notiတွေ တတောင်တောင်နှင့် တက်လာသည်..။ ဂရုစိုက်ဖို့ မန့်ထားတာတွေ..။ ရှောင်းကျန့် မန့်တခုချင်းစီ reactပေး replyပြန်နေတုန်း messenger မှ noti တက်လာသည်..။

ဖျားနေတာလား..

အကောင့်နာမည်ကလည်း ကလေးကလား..။ ယုန်ကလေးရဲ့ မုန်လာဥတဲ့..။ profileက မုန်လာဥကို ပွေ့ထားတဲ့ ယုန်ကလေး..။ ပုံမှန်တော့ ရှောင်းကျန့်ကို mutual friends မရှိလျှင် messenger မှ စာပို့၍ မရ..။ ရှောင်းကျန့် အဲ့အကောင့်ထဲ ဝင်ကြည့်လိုက်သည်..။

Profile က lock ချမထား..။ တင်ထားသည်က ကဗျာလိုလို စာလိုလို တွေချည်းသာ..။ ကြည့်လိုက်တာနှင့် အကောင့်တုမှန်း သိသာသည်..။

ဒါပေမယ့် ရှောင်းကျန့်သိတဲ့သူထဲက ဖြစ်ရမည်..။ ရှောင်းကျန့် accက profile lock ချထားသည်..။ သူ့friend မဟုတ်ရင် ရှောင်းကျန့် postတင်ပြီးပြီးချင်း ဘယ်လိုလုပ် သိနိုင်မှာလဲ..။

တဖန် ပြန်လည်၍..Where stories live. Discover now