Part - 4

181 39 30
                                    

ရှောင်းကျန့်အခု Dim sum ဆိုင်မှာ..။ ပုံမှန်တော့ အိမ်နှင့်အလုပ်ပဲ ကူးနေတတ်သည့် ရှောင်းကျန့်က ဒီလိုဆိုင်မျိုးတွေ များများစားစား မထိုင်ဖူးပါ..။ ဝမ်ရိပေါ်နှင့် လီဟုန်မြန်ကတော့ ကိုယ့်အိမ်ကိုယ့်ရာလိုမျိုးပင်..။

"ရိပေါ်..  ငါက မှာနေကျအတိုင်းပဲ"

"အေးပါ.. မင်းအဲ့ဒါက လွဲပြီး တခြားဘာများ စားဖူးသေးလို့လဲ"

ဝမ်ရိပေါ်က ပြောရင်း စားပွဲထိုးလေးကို လှမ်းခေါ်သည်..။

"ပုစွန်နဲ့ ပတ်သက်တာ အကုန်ချ.. Latte တခွက်... ရေနွေးကြမ်းတခွက်"

"ရှောင်းကောကော ဘာစားမလဲ"

လီဟုန်မြန်က ရှောင်းကျန့်ဘက် လှည့်မေးသည်..။ ရှောင်းကျန့် နေရခက်ခက်ဖြင့်..

"ကောက အကုန်စားပါတယ်.. "

"အိုခေ.."

လီဟုန်မြန်က စားပွဲထိုးလေးဘက် လှည့်သွားပြီး မှာနေသည်..။ ‌ခုထိ ရှောင်းကျန့်နှင့် ဝမ်ရိပေါ် မျက်လုံးချင်း မဆုံမိသေး..။ မနေ့က မုန့်ကျွေးဖို့ ပြောခဲ့သည်မှာ သူ မဟုတ်သလို...။

သုံးယောက်လာတဲ့ထဲမှာ နှစ်ယောက်က အရမ်း စိတ်တူကိုယ်တူဖြစ်နေတော့ ကျန်တဲ့တယောက်က အလိုလို third wheel ဖြစ်သွားသည်..။ အဲ့လိုမျိုး ဖြစ်ဖူးကြလား မသိ..။ သူငယ်ချင်းအချင်းချင်း ဒိတ်တဲ့အချိန်မှာလေ..။ အဖိုးတန်တွေ အကောင်းစားတွေ စားနေရသော်လည်း ရှေ့က ရေပက်မဝင်အောင် ပြောနေသော နှစ်ယောက်ကို ကြည့်ပြီး ရှောင်းကျန့် စားမဝင်..။ ကိုယ်က နဂိုက စကားနည်းသူဆိုတော့ ပိုဆိုးသည်..။ လီဟုန်မြန်ကတော့ စကားဝိုင်းထဲ ဆွဲဆွဲခေါ်ရှာပါသည်..။ ရှောင်းကျန့်ဘက်က မေးတခွန်း ဖြေတခွန်း..။

ခက်တာက သူတို့ ပြောနေတဲ့ အကြောင်းအရာတွေက ကိုယ်နဲ့ဝေးနေခြင်း..။ ဂီတဆိုလျှင် ရှောင်းကျန့်က classic rockမှ ကြိုက်သည်..။ မဟုတ်ရင်လည်း လုံးဝအဆွေးတလိုင်း..။ သူတို့က punkဆန်ဆန် musicတွေ နားထောင်ကြသည်ထင်သည်..။ သူတို့ပြောသော သီးချင်းတွေ ရှောင်းကျန့်မသိ..။

ရုပ်ရှင်မှာလည်း ရှောင်းကျန့်က fantasy နှင့် horrorတလိုင်း..။ သူတို့က heavy drama တလိုင်း..။ နေတာကြာလာလေ ဒါမျိုးက ရင်ဘတ်ချင်းနီးတဲ့ သူငယ်ချင်းမျိုး မဟုတ်မှန်း သိသာလာလေ..။

တဖန် ပြန်လည်၍..Where stories live. Discover now