Part - 7

228 48 48
                                    

လက်ရှိ..

ပြောရမှာ အားနာပေမယ့် ကျွန်တော်နဲ့ လီဟုန်မြန်က ချစ်သူတွေပါ.. ခုက သူကျွန်တော့်ကို စိတ်ကောက်နေလို့.. စိတ်ကောက်ရင် သူက ကျွန်တော့်ကို ရွဲ့ပြီး လျှောက်တွဲတော့တာ..

"ကျွန်တော့်ကို Facebook acc accept ပေးပါဦးလို့"

ရှောင်းကျန့်အတွေးများက အတိတ်မှ နေ၍ ပစ္စုပ္ပန်သို့ ပြန်ရောက်လာသည်..။ သူ့ရှေ့မှ friend request accept ဖို့ အတင်းပြောနေသော ဝမ်ရိပေါ်ကို ကြည့်လိုက်မိရင်း စိတ်ထဲမှ တွေးလိုက်မိသည်..။

ဘာလဲ.. မင်းရည်းစားနဲ့ လမ်းခွဲပေးဖို့ ပြောရလွယ်အောင်လို့လား...

ဒီတခါတော့ ရှောင်းကျန့် ဒါမျိုး ပြောခံရစရာ အကြောင်းမရှိ..။ သူ ကမ္ဘာပေါ်မှာ အမုန်းဆုံးနဲ့ မပတ်သက်ချင်ဆုံးက လီဟုန်မြန်မို့လို့ပဲ..။

"ကောင်းပြီလေ.. မန်နေဂျာဝမ်ရဲ့ account နာမည်ပြောပါ.."

"Leo Wang"

ဖုန်းကို ဆွဲထုတ်နေသော ရှောင်းကျန့် လက်များ ရပ်တန့်သွားသည်..။ တိုက်ဆိုင်တာလား တမင်လုပ်နေတာလား..။

"ကျွန်တော့် accကို လာaddလိုက် အဲ့နာမည်ကို accept ပေးမယ်"

ဝမ်ရိပေါ်က ချက်ချင်းပင် လာaddသည်..။ ရှောင်းကျန့် acceptပြီး သူ့အကောင့်ထဲ ဝင်ကြည့်တော့ ဘာမှ ထွေထွေထူးထူး တင်မထား..။

အေးလေ.. တိုက်ဆိုင်တာပဲ ဖြစ်မှာပါ..။ ဒါမှမဟုတ် သူ့ရည်းစားရဲ့ nicknameကို ချစ်လွန်းလို့ ယူသုံးထားတာလဲ ဖြစ်နိုင်တာပဲ..။

တော်ပါပြီ.. ဘာမှ မသိချင်တော့ဘူး..။

***

ဒီတခေါက် လီဟုန်မြန်၏ ပထမဆုံး ခရီးမှာ အရင်ဘဝနှင့် မတူတာက ဝမ်ရိပေါ်ပါ ပါလာသည်..။ သူ့ရည်းစားသူ စိတ်မချလို့ နေမှာပေါ့..။

ရှောင်းကျန့်က သူတို့နှစ်ယောက်လုံးကို ပုံမှန်ပင် ဆက်ဆံသည်..။ ခပ်တန်းတန်းပုံလည်း မဖြစ်ရအောင်..။ အရမ်းကြီးလည်း မရင်းနှီးအောင်..။

အရင်ဘဝက သူနှင့် လီဟုန်မြန် နှစ်ယောက်တခန်းတည်းရတာ မှတ်မိသေးသည်..။ ဒီခါကျ ဝမ်ရိပေါ်ပါ ပါလာသည်..။ နေရာထိုင်ခင်း စီစဉ်သူတွေက ဝမ်ရိပေါ်က မန်နေဂျာဆိုတော့ အားနာ၍ ထင်သည်..။ ဆရာဝန်တွေနှင့် တခန်းထဲ စီစဉ်ပေးသည်..။

You've reached the end of published parts.

⏰ Last updated: Jun 23 ⏰

Add this story to your Library to get notified about new parts!

တဖန် ပြန်လည်၍..Where stories live. Discover now