Part - 1

233 33 22
                                    

"Dr ရှောင်း.. Dr ရှောင်း.. လူနာသွင်းလိုက်ရတော့မလားရှင့်"

ရှောင်းကျန့် ရုတ်တရက် နိုးလာသည်..။ သူ ဘယ်ရောက်နေတာလဲ..။ ‌သတိလစ်သွားပြီး တရုတ်ကို ပြန်ရောက်နေတာလား..။ ကိုယ်ပေါ်မှာလည်း Duty Coatနဲ့..။

"ငါတို့ Dr ရှောင်း.. ပင်ပန်းနေပြီနဲ့တူတယ်.. ခါတိုင်း အလုပ်ချိန် တခါမှ မငိုက်ဖူးတာကို"

ဟင်.. မိန်မိန်.. မိန်မိန်ပါလား..။ သူတို့အဖွဲ့ထဲက သူနာပြုမလေး..။ သူတို့လည်း လွတ်လာကြပြီပေါ့..။

"မိန်မိန်တို့ ဘယ်တုန်းက ရောက်တုန်း"

"‌Dr ရှောင်းကလည်း အထူးအဆန်း.. 8နာရီက ရောက်တာပေါ့ အလုပ်ချိန်က 8နာရီလေ"

ဟင်.. မဟုတ်သေးပါဘူး..။ သူဆိုလိုတာက..

ရှောင်းကျန့်အတွေးများက နံရံပေါ်က ရွက်ဆုတ်ပြက္ခဒိန်ကို မြင်တော့ ရပ်တန့်သွားသည်..။

Jan 3..။ နေပါဦး ခုမှ November ရှိသေးတာမဟုတ်ဘူးလား..။ သူနှစ်လလောက် သတိလစ်နေတာလား..။

သူ ထူးဆန်းအံ့ဩစွာ ပြက္ခဒိန်အနီး ထကြည့်မိတော့မှ သူ့ခေါင်းကို မိုးကြိုး ပစ်လိုက်သလို..။

၂၀၂၀?? ခုက.. ခုက 2023 မဟုတ်ဘူးလား..။

"ဆရာမ မိန်မိန်.. ခုက ၂၀၂၀လား"

"ရှင်.. ဟုတ်.. ဟုတ်တယ်လေ"

"ဆရာမ မိန်မိန်.. ကျွန်တော်နဲ့ အတူ တာဝန်ထမ်းဆောင်ရမယ့် ဆရာဝန်ကကော"

"အာ.. အရင်က Drပိုင် ထွက်သွားလို့ တနေ့ကမှ အင်တာဗျူးခေါ်ထားတာလေ.. ကျွန်မတို့လည်း မသိရသေးဘူး"

ဟုတ်တယ်.. ဒီ.. ဒီအချိန်ပဲ..။ သူ လီဟုန်မြန်နှင့် မတွေ့ရသေးတဲ့အချိန်..။ လီဟုန်မြန့်ကို မချစ်မိသေးတဲ့အချိန်..။ သူ့ကို လီဟုန်မြန်နဲ့ ဝမ်ရိပေါ် ချောက်ချတာကို မခံရသေးတဲ့အချိန်..။

ရှောင်းကျန့် ကိုယ့်အသားကိုယ် ဆွဲဆိတ်ကြည့်သည်..။ အား.. အတော်နာတယ်ဟ..။ အိပ်မက်မဟုတ်ဘူး..။

ဘုရားသခင်က သူ့ကို ဒုတိယ အခွင့်အရေးတခု ပေးခဲ့တာပဲ..။

"Dr ရှောင်း.. လူနာတွေ သွင်းလိုက်တော့မယ်နော်"

တဖန် ပြန်လည်၍..Where stories live. Discover now