Part - 5

193 42 62
                                    

ရှောင်း ဒီနေ့ ကျွန်တော့်ကို စိတ်ဆိုးသွားတာလား..

ယုန်ကလေးရဲ့ မုန်လာဥ unsent a message

ရှောင်း ဒီနေ့ စိတ်ဆိုးလာတာလား..

ယုန်ကလေးရဲ့ မုန်လာဥ unsent a message

ရှောင်း ဒီနေ့ အဆင်ပြေရဲ့လား..

ဒီတခါတော့ unsentမဖြစ်တော့..။ ရှောင်းကျန့်က application ထဲ မဝင်ပဲ noti barမှာပေါ်နေသော စာတွေကိုသာ ဖတ်တာဖြစ်၍ seen မပြ..။ အဲ့တော့ ဟိုဘက်က သူမသိသေးဘူးထင်ပြီး စိတ်ကြိုက်ကို ပြင်လိုက် ဖျက်လိုက်နဲ့ ပို့နေတော့တာပဲ..။

သေချာပါတယ်..။ ဟိုနှစ်ယောက်ထဲက တယောက်ဆိုတာ..။ စိတ်ဆိုးသွားလားလို့ မေးတယ်ဆိုမှတော့ သေချာနေပြီ..။

မင်း ဝမ်ရိပေါ်လား..

ရှောင်းကျန့် type ပြီးမှ ပြန်ဖျက်လိုက်သည်..။ By nameနဲ့ တပ်မေးတာ မကောင်းဘူး ထင်သည်..။

မင်း ငါ့ကို မညာနဲ့တော့.. မင်း ငါတို့အဖွဲ့ထဲက မလား..

တဖက်က typing လုပ်နေသည်မှာ မပြီးတော့..။ သူ့လိုပဲ ရေးလိုက် ဖျက်လိုက်လုပ်နေပုံရသည်..။

ရှောင်းကို ကြာကြာ ဖုံးထားလို့ မရဘူးပဲ.. ဟုတ်တယ်.. ရှောင်းတို့အဖွဲ့ထဲကပါ.. စိတ်ဆိုးသွားလားဟင်..

စိတ်ဆိုးသွားလားဆိုတာ ဘာကို မေးချင်တာတုန်း..။ ဒီနေ့  သောက်တလွဲတွေ လုပ်ခဲ့မိလို့ စိတ်ဆိုးသွားလားလို့ မေးတာလား..။ လုပ်ဖော်ကိုင်ဘက်အချင်းချင်း မရိုးမသား စိတ်ထားမိလို့ စိတ်ဆိုးသွားလားလို့ မေးတာလား..။ ရှောင်းကျန့်က ဘာမှ reply မပြန်..။

ရှောင်း တကယ်ကြီး စိတ်ဆိုးသွားတာလား.. reply တောင်မပြန်တော့ဘူး..

ကျွန်တော် တောင်းပန်ပါတယ်ရှောင်း.. ကျွန်တော်ကတော့ ရှောင်းကို မချစ်ပဲ မနေနိုင်ဘူး..

တကယ်ကြီး reply မပြန်ဘူးပဲ.. ရက်စက်တယ်ဗျာ..

ရှောင်း စိတ်ပြေတဲ့အထိ ကျွန်တော် စောင့်နေမယ်..

ခဏနေတော့ postတခုတက်လာသည်..။

စိတ်တွေ ခဏခဏ မကောက်ပါနဲ့ သည်းငယ်ရယ်.. မင်းနှုတ်ခမ်းလေး စူနေတာတွေ့ရင် ဒီမောင့် ရင်ဘတ်ထဲ မုန်တိုင်းဝင်မွှေသလိုပဲ.. မင်းမျက်နှာလေး ပြုံးနေမှ မောင့်နှလုံးသားလေးလဲ အေးချမ်းနေရတာ..

တဖန် ပြန်လည်၍..Where stories live. Discover now