Part-2

144 19 0
                                    

                         Part-2

"ကျတော့်ကို ထုတ်ပေးပါ ကျတော့်ကိုထုတ်ပေးပါ"

လောကကြီးက ဂျောင်းဟန်ကို အသံချိုချိုလေးပေးထားတာဘာလုပ်ဖို့လဲ အခုလိုအော်ဖို့လေ …… သေခါနီးအရူးထတယ်ပဲပြောပြော အခုလိုအော်နေလိုက်တော့ ရှိတဲ့သူတွေပါနားညည်းသွားတော့ သူလဲစိတ်ချမ္းသာရတာပေါ့………။

"ဟေ့ကောင် တိတ်တိတ်နေ"

"မနေဘူး"

"ဟာ"

အခန်းစောင့်နဲ့တူသူ လူက အော်ပြောလဲ ဂျောင်းဟန်တို့ကတော့ ဂရုမစိုက်ပါဘူး ကိုယ့်ပါးစပ်နဲ့ကိုယ် အော်တယ် ဘာဖြစ်လဲ

"ကျတော့်ကို ထုတ်ပေးပါ အီးဟီး အီးဟီးဟီး"

ခြေပါဆောင့်ပြီး ထိုင်ချကာ အလူးအလဲအော်လိုက်တော့
အစောင့်တွေနားညည်းလာပုံနဲ့ ဂျောင်းဟန်ကိုကြည့်လာကြသည်။

သတ်ချင်ဖြတ်ချင်ဟန် ထုရိုက်ပစ်ချင်ဟန် ရောပါနေသည့်အကြည့်တွေကို မြင်ပြီးဂျောင်းဟန် ကျေနပ်သွားသည်။

ကိုယ်မပျော်နေရ ရင် သူများလဲ စိတ်ညစ်နေရမယ် ဟဲဟဲ

"တိတ်စမ်း"

အခန်းရှေ့လာရပ်သည်က ဟိုအရှည်ကောင်

သူ့အရပ်ကြီးမှအားမနာ ခါးထောက်ပြီး ဂျောင်းဟန်ကိုစိုက်ကြည့်နေပုံက အခုသတ်လို့ရ ရင်သတ်မဲ့ပုံပဲ……။

"ကျတော့်ကိုလွှတ်ပေး"

"မင်းကိုငါ တိတ်လို့ပြောနေတယ်"

"မတိတ်ပါဘူး လွှတ်ပေးမှတိတ်မယ် လွှတ်ပေးပါ လွှတ်ပေးပါ "

"ကျစ် အာရုံတွေ"

အခန်းထဲထိ ဝင်လာကာ ဂျောင်းဟန်အနားလာရပ်တော့ မျက်လုံးကိုပင့်ပြီး ကြည့်ပေးလိုက်တယ်………။

ိံ" လွှတ်ပေး"

"မင်းနာမည်ဘယ်သူလဲ"

'ယွန်းဂျောင်းဟန်လို့ခေါ်တယ် မသိရင်မှတ်ထား လမ်းတွေ့ရင်တော့လာမခေါ်နဲ့ "

"ပေါက်ကရတွေအရမ်းပြောနေတာပဲ သေချင်နေပြီလား"

"ဟုတ်တယ်သေချင်နေပြီ သတ်မှာဖြင့်မြန်မြန်သတ် သူများစိတ်ရှုပ်အောင် သေချင်နေပြီလားသေချင်နေပြီလားနဲ့ ခင်ဗျားမွေးတုန်းက သေချင်နေပြီလို့အော်ပြီးထွက်လာလား ဟမ် "

He Is My Sweetest Boyfriend(Ongoing)Where stories live. Discover now