Part-15

41 10 2
                                    

Part-15

"မင်ဂယူ မတွေ့ရတာကြာပြီနော်"

မျက်စိရှေ့က ကောင်အား ကြည့်ရင်း ထွက်လာသည့်ဒေါသများအား ပြန်ထိန်းလိုက်ပေမဲ့ အကြည့်တို့ကိုတော့ ထိန်းလို့မရခဲ့

"ပြန်လာသေးတယ်နော် ခင်ဗျား ပြန်လာရဲသေးတယ်နော်"

" ငါ့ညီလေး ကဒီအကိုကို အရမ်းမတွေ့ချင်နေပုံပဲ"

"ခင်ဗျား ဒါတော့သိသေးသားပဲ"

တဖက်လူက ပြီတီတီပြုံးလိုက်ကာ

" မင်းက အရင်ကအတိုင်းခွေးပေါက်လေးပဲနော် အဟင်း အဖေတူ အမေကွဲညီလေးသာမဟုတ်ရင် ငါကသိမ်းသွင်းမိမှာပဲ"

"ကျစ် ခင်ဗျား စကားပြောဆင်ခြင်စမ်းပါ"

"ဟားဟား စတာပါ ညီလေးရာ အခုလဲ ဒီအကိုက မင်းကိုလွမ်းလို့လာတွေ့တာပါ အိမ်ကိုလဲမလာပါဘူး စိတ်ချ ပါးကတော့ငါ့ကိုတွေ့ချင်နေမှာပဲ  မင်းပြောပေးပါလား"

"မပြောပေးနိုင်ဘူး ခင်ဗျားဘာသာပြော"

အကြည့်စူးစူးတို့နှင့် အံကိုတင်းတင်းကြိတ်ကာပြောလိုက်ပြီးမှ မင်ဂယူ့ရဲ့ လည်ချောင်းများ ခြောက်ကပ်လာခဲ့လေသည်။

သူနှစ်ပေါင်းများစွာ မေ့ထားခဲ့ရသည့် အကြောက်တရားများ ရွံရှာမှုများ က ပြန်ပေါ်လာကာ မျက်စိရှေ့က လူကို သတ်ပစ်ချင်လောက်အောင်အထိ မုန်းတီးမိသည်။

ငယ်ငယ်ထဲကနေအခုထိ နှိမ်ခံလာခဲ့ရသည့်အချိန်များ ပါးရဲ့အမြဲ သားကြီးဆိုသည့်စကားသံများ အမြဲစိတ်အနှောင့်အယှက်ပေးခဲ့သည့်ထိုလူ့ပုံရိပ်များက သူဖျောက်ဖျက်ပစ်လိုက်ချင်သည့် အတိတ်များသာဖြစ်သည်။

"မတွေ့ရတာကြာတဲ့ ညီလေးကအခုလိုစိမ်းကားနေတော့လဲဒီအကိုက ဝမ်းနည်းသွားပြီဗျာ "

အပိုတွေ လုပ်ပြနေသောထိုလူအား ထထိုးပစ်ချင်စိတ်ကိုမနည်းထိန်းချုပ်နေရသည့် မင်ဂယူသည် အံကိုသာကြိတ်ထားလိုက်မိသည်။

"ငါ့ညီလေး ဒီလောက်စိတ်အနှောင့်အယှက်ဖြစ်နေရပြီဆိုတော့ဒီနေ့အဖို့ တော်ပါပြီ နောက်ရက်မှ ငါ့ရဲ့ ယောက်ဖလေးကို နှုတ်ဆက်ဖို့လာခဲ့မယ်နော်"

You've reached the end of published parts.

⏰ Last updated: 6 days ago ⏰

Add this story to your Library to get notified about new parts!

He Is My Sweetest Boyfriend(Ongoing)Where stories live. Discover now