Part-5

152 24 4
                                    

Part-5

နှုတ်ခမ်းသားတွေကို သေချာစွာ နမ်းရှိုက်နေသည့် မင်ဂယူ့ရင်ဘတ်ကိုလက်လေးများနဲ့တွန်းထုတ်ပေမဲ့မင်ဂယူက သူ့လက်တွေကိုခပ်တင်းတင်းဆုပ်ကိုင်ထားလေသည်။တစ်ခဏအကြာမှ ပြန်လွှတ်ပေးလာကာ အခုထိရပ်နေသေးသည့် ချွဲဆွန်းချောဘက် မင်ဂယူက လှည့်ပြုံးပြလိုက်ရင်း

" တောင်းပန်ပါတယ်နော် အချစ်ကအရမ်းချစ်စရာကောင်းနေတော့စိတ်မထိန်းလိုက်နိုင်ဘူး အဟင်း"

ချွဲဆွန်းချောက မျက်နှာအနည်းငယ်ပျက်နေလျက် ရပါတယ်ပြောလာသည့်အချိန်တွင် မင်ဂယူက သူ့ကိုခေါ်၍ ထိုနေရာမှ ထွက်ခွာလာခဲ့သည်။

အခုချိန်ထိ မင်ဂယူက သူ့လက်ကိုမလွှတ်ပေးသေးတာမို့လက်လေးလဲနီမြန်းနေချေပြီ ……။

"လွှတ် ကင်မင်ဂယူ လွှတ်ပေး"

"ငါနာနေပြီလို့"

ထိုအခါမှ မင်ဂယူက သူ့ကိုလွှတ်ပေးလိုက်ရင်း အပြင်ဘက် ခုံတန်းချထားသည့်နေရာက ခုံလေးမှာဝင်ထိုင်လိုက်သည်။

ဂျောင်းဟန်က အခုနကိစ္စကိုပြန်တွေးမိလျက်မကျေနပ် လာသည်မို့မင်ဂယူ့ရှေ့ရပ်လိုက်ကာမေးခွန်းများကိုဆက်တိုက်မေးလာတော့သည်။

"ငါ့ကိုဘာလို့နမ်းတာလဲ"

" ငါတို့ကိုမယုံနေတာနဲ့ယုံအောင်တမင်လုပ်လိုက်တာပါ ငါမင်းကိုနမ်းချင်လို့မဟုတ်ဘူးနော်"

အခုချိန်ထိ ရဲတွတ်နေဦးမည့် နှုတ်ခမ်းတို့ကို မြင်ယောင်မိရင်း မင်ဂယူ့ရဲ့ စိုစွတ်နေသေးတဲ့နှုတ်ခမ်းတို့ဆီပါ အကြည့်ရောက်သွားမိသည်။

"မနမ်းချင်လို့ပဲ"

"ငါမနမ်းရင်လဲ နမ်းမယ့်သူရှိတာကျနေတာပဲ"

မခံချင်အောင်ပြောလိုက်သည့်စကားမှန်းနားလည်လိုက်တာမို့နှုတ်ခမ်းလေးကိုစူလိုက်မိကာ မင်ဂယူ့ကို မကျေမနပ်ကြည့်လိုက်ရင်း

"ရှိပါတယ်နော်"

"ရှိမဲ့ပုံမပေါ်ပါဘူးမင်းမှာ"

"ရှိပါတယ် ငါ့ကိုနမ်းဖူးတဲ့သူရှိတယ်"

သူထပ်ပြောသဖြင့် မင်ဂယူကမယုံသလို သူ့ကိုလှမ်းကြည့်လာတော့ သူအစွမ်းကုန်ပြုံးလိုက်ရင်း

He Is My Sweetest Boyfriend(Ongoing)Where stories live. Discover now