Part-7

127 15 0
                                    

Part-7

အသံဗလံတွေဆူညံနေသည့်အပြင်ဘက်ကို တချက်လှမ်းကြည့်လိုက်ရင်း မှန်ရှေ့က ကိုယ့်ကိုယ်ကိုပြန်အကြည့်ရောက်မိတော့ သူငြိမ်သက်သွားမိသည်။

သူ့ဘဝမှာ လက်ထပ်ပွဲဆိုတာ ချစ်သူမိန်းကလေးတစ်ယောက်နဲ့တွေ့ရှိရင် လို့ထင်ခဲ့တာ……။ ဘယ်လောက်ပဲဟန်ဆောင်တာပြောပြော ဒါကသူတို့နှစ်ယောက်ပဲသိတဲ့ကိစ္စမလို့ အခြားသူတွေအမြင်မှာတော့ သူတို့က အတည်လက်ထပ်တာလို့ပဲထင်မှာလေ…။

"ယွန်းဂျောင်းဟန်"

အကျီ ၤလက်ရဲ့ ကြယ်သီးကိုတပ်လိုက်တဲ့အချိန် မင်ဂယူရဲ့ခေါ်သံက တပြိုင်နက်ထဲ ပေါ်လာခဲ့သည်။

လှည့်ကြည့်လိုက်တော့ သူနဲ့ဆင်တူ သတို့သားဝတ်စုံအနက်ရောင်က မင်ဂယူနဲ့လိုက်ဖက်စွာ ရှိနေခဲ့သည်။

မင်ဂယူလဲ သူ့နေရာမှာ အခြား သူ ချစ်ရသည့် မိန်းကလေးတစ်ယောက်ယောက်ကို ရှိစေချင်မှာပေါ့……။

"ပြီးပြီလား "

"အင်း"

" ဆံပင်နည်းနည်းပြင်လိုက်ဦး နေဦး ငါလုပ်ပေးမယ်"

စကားသံနဲ့တကွ သူ့အနားရောက်လာကာ သူ့ရဲ့ရွှေရောင်ဆံပင်တွေကို လာသပ်တင်ပေးသောသူကြောင့်ဂျောင်း ဟန် အသက်ရှူရ ခက်လာခဲ့သည်။

" ရ ရပါတယ်"

"မပြီးသေးဘူး ခဏနေဦး"

သူ့ကိုယ်လုံးလေးကို မှန်ဘက်ဆွဲလှည့်လိုက်ကာ အကျီ ၤတွေကိုသေချာစွာ ဆွဲချပေးရင်း ပြင်ဆင်ပေးနေသည့် မင်ဂယူ့ကိုမှန်ထဲမှတဆင့်ငေးကြည့်ရင်း ရင်တွေတလှပ်လှပ်ခုန်နေမိသည်။

"ရပြီ အခုမှပိုကြည့်ကောင်းသွားတယ်"

"မင်ဂယူ"

"ပြော"

" ဟို ဘာမှမ ဟုတ်တော့ဘူး"

မင်ဂယူက မျက်မှောင်တချက်ကြုံ့လိုက်ရင်း သူ့ကိုသေချာစွာကြည့်ကာ

" မင်းဘာဖြစ်နေတာလဲယွန်းဂျောင်းဟန်"

"ဘာမှ ဘာမှမဖြစ်ပါဘူး ငါဘာဖြစ်လို့လဲ"

"မျက်နှာတွေနီနေတယ် ချွေးတွေလဲပြန်လို့ ရော့ဒါလေးယူထား ငါအပြင်ပြန်ထွက်လိုက်ဦးမယ်"

He Is My Sweetest Boyfriend(Ongoing)Nơi câu chuyện tồn tại. Hãy khám phá bây giờ