Part-3

148 21 2
                                    

Part-3

တနေကုန် အရမ်းဆူညံနေသော ကောင်လေးက အခုကျ အိပ်မောကျနေခဲ့ပြီ ……။

အနားတိုးကပ်ကြည့်လိုက်တော့ ဖရိုဖရဲကျနေသည့်ရွှေဝါရောင် ဆံနွယ်တွေ…  အိပ်ပျော်တဲ့အထိတောင် ကြည့်ကောင်းနေလိုက်တာ…။

တကယ့်ကို လှပသည့်ကောင်လေးမို့လဲ ဂိုဏ်းတချို့က လိုချင်နေကျတာမှန်း မင်ဂယူ နားလည်လာခဲ့သည်။

"ယွန်းဂျောင်းဟန်"

"အင်း ဟင်းး"

အိပ်မက်ယောင်နေသူအား လှုပ်နှိုးလိုက်တော့မှ သူ့ကိုကြောင်စီစီနဲ့ကြည့်ကာ ထထိုင်လာလေသည်။

"ဘာလဲဟင် ငါ့ကိုလွှတ်ပေးတော့မလို့လား"

"လွှတ်ပေးဖို့မစဉ်းစားထားဘူး ငါနဲ့လိုက်ခဲ့"

မျက်နှာထားတည်တည်နှင့် ခပ်မာမာပြောကာ ရှေ့ကထွက်သွားသူကြောင့် ဂျောင်းဟန် နှုတ်ခမ်းလေးစူသွားမိသည်။။

ဘယ်လိုလူလဲ တကယ့်ကိုမသိပါ ……။

"အဲ့ဒီမှာထိုင်"

ဘယ်နေရာလဲမသိသည့် အခန်းငယ်တစ်ခုထဲဂျောင်းဟန်ကိုခေါ်လာပြီး ထိုင်ခုံတစ်ခုပေါ်မှာ ဂျောင်းဟန်ကို ထိုင်စေသည်။အနားမှာဘယ်သူမှမရှိပေ……မင်ဂယူနဲ့သူနှစ်ယောက်ထဲသာ ဖြစ်သည်။

" ငါ့ကိုဘယ်တော့လွှတ်ပေးမှာလဲ"

ဂျောင်းဟန်သိချင်သည်က ဒီတစ်ခုထဲဖြစ်သည်။

" လွှတ်ပေးမှာပေါ့ ဒါပေမဲ့"

ခုံပေါ်မှာ ဒူးတစ်ဖက်ချိတ်ကာ လက်ပိုက်လိုက်ရင်း သူ့ကို ကြည့်ကာ စကားပြန်ဆိုလာခဲ့သည်။

" ဒါပေမဲ့ ဘာဖြစ်လဲ "

"အချိန်တစ်ခုရောက်မှ မင်းကိုလွှတ်ပေးနိုင်မယ် ယွန်းဂျောင်းဟန်"

မင်ဂယူ့ရဲ့အဖြေအဆုံးမှာ ဂျောင်းဟန်ငိုမိမတက် စိတ်ညစ်သွားမိသည်။

"ဘာလို့လဲ ငါက မင်းတို့အတွက် ဘာမှလဲမသုံးမဝင်ဘူးလေ ငါအိမ်ပြန်ချင်လှပြီ ငါ့ကိုလွှတ်ပေးပါတော့နော်"

" မင်း အချိန်တန်ရင်အိမ်ပြန်ရမှာပါ ယွန်းဂျောင်းဟန် အဲ့အချိန်မရောက်ခင်အတွင်းတော့ မင်းဒီနေရာမှာနေရမယ်"

He Is My Sweetest Boyfriend(Ongoing)Hikayelerin yaşadığı yer. Şimdi keşfedin