Part-8

143 20 4
                                    

Part-8

နာရီသံ တချက်ချက်သည် ကုတင်ထက် လှဲလျောင်းနေဂျောင်းဟန်ကို အိပ်မပျော်ဖြစ်စေခဲ့သည်။  လွန်ခဲ့တဲ့ငါးနှစ် ဒီပန်းချီပညာကို သူမသင်ယူခင်က ဘာမှမလုပ်နိုင်ဘူးလို့ သူ့ကိုယ်သူ ထင်မိခဲ့တဲ့အချိန်တွေရှိခဲ့ဖူးသည်။

အဲ့အချိန်တွေတုန်းက ညဘက်တွေဆို နာရီသံတွေကိုစိတ်အနှောင့်အယှက်ဖြစ်ရ ရင်းနေခဲ့ရဖူးသည်။ ဒီတုန်းက အခုအခန်းဖော် ဂျီဆူးတောင်ရောက်မလာသေးပဲ အရင်တစ်ယောက်က သူ့ကို ရူးနေပြီထင်ပြီး ကြောက်ရွံ့နေခဲ့တာကိုမှတ်မိလေသည်။

သူကလဲ သူပဲလေ…ကြားရသမျှနာရီသံတွေအကြား စိတ်က ပိုပိုဆိုးလာပြီး နောက်ဆုံး နာရီတွေကိုရိုက်ခွဲပစ်မိသည်။ ထိုညတွေက သူ့အတွက်တကယ့်ကိုအိပ်မက်ဆိုးတွေပင်……။

ဘယ်လိုမှဆက်အိပ်လို့မရတော့သည်မို့ ကုတင်ပေါ်က ထထိုင်ကာ နာရီဆီလှမ်းကြည့်မိတော့ည၁၂နာရီခွဲနေချေပြီ ……။မင်ဂယူက အခုထိပြန်မလာသေးပေ………။

နေရာက ထကာပြတင်းတံခါးဆီ လျှောက်သွားရင်း လိုက်ကာစကိုအသာလှပ်ကြည့်မိတော့ သူကြည့်မိသည့်မြင်ကွင်းတည့်တည့်မှာထိုင်နေသောမင်ဂယူ့ကိုတွေ့လိုက်ရသည်။

သူ့သူငယ်ချင်းဖြစ်သူတွေနဲ့စကားပြောနေပြီးလက်ထဲက ခွက်ကို သောက်လိုက်တာကိုလဲ မြင်နေရသည်။ ထိုစဉ် ရုတ်တရက် မင်ဂယူ့အကြည့်တွေက သူရပ်နေရာပြတင်းတံခါးဆီရောက်လာခဲ့သည်။

ခေတ္တမျှ အကြည့်ချင်းဆုံသွားရင်းမှ ဂျောင်းဟန် လိုက်ကာစကိုလွှတ်လိုက်ကာ ကုတင်ပေါ်ပြန်ထိုင်လိုက်မိသည်။ သူမင်ဂယူ့အကြည့်တွေရဲ့ဒဏ်ကိုမခံနိုင်ပါ……

အဝေးကတောင် စူးရဲနေခဲ့ပြီး အဲ့ဒီအကြည့်တွေက သိပ်ကိုကြောက်စရာကောင်းနေခဲ့တာ …။သားကောင်တစ်ကောင်ကိုဖမ်းမိထားလို့ကျေနပ်နေတဲ့မျက်ဝန်းမျိုးတွေလေ……။

ရင်ဘတ်ကိုဖိကာ အသက်ကိုဖြည်းဖြည်းချင်းရှူနေသည့်အချိန်တွင် တံခါးဖွင့်သံကျွီခနဲ ကြားလိုက်ရလေသည်။

"မအိပ်သေးဘူးလား"

မင်ဂယူက သူ့ကိုမြင်လို့ တက်လာတာလား……။သူနဲ့မျက်နှာချင်းဆိုင် ဒရင်းဘတ်ပေါ်ထိုင်လိုက်သည့်သူကိုငေးကာအတွေးများနေမိသည်။

He Is My Sweetest Boyfriend(Ongoing)Where stories live. Discover now