Part-6

128 17 2
                                    

Part-6

"မင်း ငါနဲ့လက်ထပ်ပေးရမယ်"

ဂျောင်းဟန် နားတွေအူသွားသလို ခံစားလိုက်ရတာ ခေတ္တမျှကြောင်အ သွားမိလေသည်။

"ဘယ် …ဘယ်လို "

"ကြားတဲ့အတိုင်းပဲ ဒါပေမဲ့အတည်တော့မဟုတ်ပါဘူး ဟန်ဆောင်လက်ထပ်တာမျိုးပဲ "

ဂျောင်းဟန် အခုထိမတည်ငြိမ်သေးသောစိတ်ကို တည်ငြိမ်သွားအောင်ကြိုးစားရင်း သူ့ရှေ့က မင်ဂယူ့ကို ငေးစိုက်ကြည့်နေမိသည်။

သူတို့ကဟန်ဆောင်လက်ထပ်ရမယ်တဲ့လား……။ဘာအတွက်လဲ ဘာကြောင့်ပါလဲ……။

"ဘာ ဘာအတွက်လဲ ကင်မင်ဂယူ"

သူ မေးခွန်းထုတ်လိုက်မိသည့် အကြောင်းအရာကို မင်ဂယူက တချက်ပြုံးလိုက်ရင်း

"မင်းကိုငါ့အနားမှာရှိစေချင်လို့ "

"ရှိစေချင်လို့"

"မင်းဒီနယ်ပယ်မှာဘယ်လောက်နာမည်ကြီးလဲငါပြောပြခဲ့ပြီးပြီမလား အဲ့လို မင်းကို အခြားသူတွေက လိုချင်လာကျမှာငါမကြိုက်ဘူး ငါလိုချင်တဲ့မင်းကို ငါ့ဘေးနားမှာပဲရှိစေချင်တယ် အဲ့ဒါကြောင့်ပဲဆိုပါတော့"

မင်ဂယူ တကယ်ပြောနေတာလား လိမ်ညာပြောနေတာလားဆိုတာကို ဂျောင်းဟန်မဝေခွဲနိုင်ခဲ့……။ သူ့ကိုလိုချင်တယ်ဆိုသောအပြောကြောင့်တော့ ဂျောင်းဟန် မျက်မှောင်တို့ကိုကြုံ့လိုက်မိကာ

"မင်းကငါ့ကို ဘာလို့လိုချင်တာလဲ"

သူ့မေးခွန်းမှာ မင်ဂယူတွေခနဲ ဖြစ်သွားပြီးမှ ဘာမှမဖြစ်သလို နှုတ်ခမ်းတို့ကို စေ့လိုက်ရင်း

"ဒီလိုပဲပေါ့ ယွန်းဂျောင်းဟန် မင်းကလိုချင်စရာကောင်းလို့ပေါ့"

"တကယ်လား"

"ဘာကိုလဲ"

"မင်းကတကယ်ငါ့ကိုအလိုရှိတာလား"

စူးစမ်းသလို မေးခွနိးများသည် မင်ဂယူ့စကားတွေကို လက်ခံလိုက်သည့်သဘောမဟုတ်ပေမဲ့ မွေးကတည်းကနေ ပထမဆုံးသူ့ကို လိုချင်တယ် ပြောဖူးသည့်သူမှာ မင်ဂယူက ပထမဆုံးပင်ဖြစ်သည်။

He Is My Sweetest Boyfriend(Ongoing)Where stories live. Discover now