Part-13

136 18 3
                                    

Part-13

ထိုနေ့ညပြီးထဲက ဂျောင်းဟန်က ကိုယ့်အတွေးနဲ့ကိုယ် ရှက်နေသဖြင့်မင်ဂယူ့ကို စပြီးစကားမပြောရဲသော်လည်း မင်ဂယူကပါ ဘာမှမဆိုလာခြင်းကြောင့် တစ်စထက်တစ ဝမ်းနည်းလာခဲ့သည်။

သူက မင်ဂယူ့အတွက် အမြဲ ကစားစရာသက်သက်ပဲလား……။ သူ့အပေါ်ဆို လုပ်ချင်တိုင်းလုပ်ပြီး ပြန်လည်မဖြေရှင်းတာက လူကိုမလေးမစားလုပ်တာပဲမဟုတ်ပါလား……။

ညဆို နောက်ကျမှပြန်လာကာ သူအိပ်နေကျ ဒရင်းဘတ်ပေါ် အိပ်ပြီး မနက်ဆို အစောကြီးထသွားသဖြင့် ဂျောင်းဟန် မင်ဂယူ့ကိုဒီတပါတ်လုံး အသေအချာမတွေ့ရသေးပါ………။

" တီတီ "

အတွေးထဲနစ်မျောနေရင်းမှ ဖုန်းသံကြောင့်လန့်သွားမိကာ စားပွဲပေါ်က ဖုန်းကိုအလျင်အမြန် သွားယူရင်းကိုင်လိုက်မိသည်။

"ဟယ်လို"

"ဂျောင်းဟန် ညစာစားပြီးပြီလား"

မေးခွန်းက တကယ့်ကိုတုံးတိတိ ……တပါတ်လုံးလုံးစကားမပြောသည့်သူက စပြောတော့လဲတကယ့်အေးစက်စက်စကား……။

"မစားရသေးဘူး"

"အာ အဲ့ဒါဆို ငါအခုကားလွှတ်ပေးလိုက်မယ် မင်းလိုက်ခဲ့နော်"

"ဘာလုပ်မလို့လဲ"

စိတ်ဆိုးလက်စအခံလေးရှိတာကြောင့်ဂျောင်းဟန်အသံက အနည်းငယ်  မာဆတ်ဆတ်ဖြစ်နေလေသည်။

" မင်းကိုညစာကျွေးမလို့ လိုက်ခဲ့နော်ဂျောင်းဟန် ငါစောင့်နေမယ်"

သူ့အဖြေပင်မစောင့်ပဲ ဖုန်းချသွားသူအား တယောက်ထဲမျက်စောင်းလေးထိုးလိုက်မိပေမဲ့  မသိစိတ်ကတော့ ပျော်သွားမိတာ ဝန်ခံရမည်။

အမြန်ပြင်ဆင်ပြီး အိမ်အောက်ဆင်းလာမိတဲ့အချိန်က မင်ဂယူ့ကား ရောက်လာသည့်အချိန်နှင့်ကွက်တိ……

ကားပေါ်တက်လိုက်ရင်းနှင့် စိတ်ကလဲ မင်ဂယူ့ကိုတွေ့ချင်နေမိသည်။

ဒီမြို့ထဲကို သူသိပ်မရောက်ဖူးပေမဲ့ ဒီမြို့က အရမ်းကိုစည်ကားတာ လှပတာကို သူသိပါသည်။ အခုလဲ တောက်လျှောက် ဖြတ်လာသမျှက လှပသည့်ပန်းခင်းများ သစ်ပင်များဖြစ်ကာ မြို့ရဲ့ထင်ရှားသည့်ဈေးတန်းဘက်ဝင်လာသည်နှင့် ပန်းဆိုင်များ မုန့်ဆိုင်များ ကအစီစီအရီရီပင်………

He Is My Sweetest Boyfriend(Ongoing)Where stories live. Discover now