~သံယောဇဉ် ~
အပိုင်း(၄၅)
"ပြောလေ.....နင်ဟာ....နင်ငါ့အစ်မဖြစ်နေပြီး နင်မို့လို့ ကိုယ့်သွေးသားတော်စပ်ရမယ့်ကလေးကို လုပ်ရက်တယ်...နင့်မှာလူစိတ်မရှိတော့ဘူးလား.....ဟမ်...ရနံ့မှီ"
"မဟုတ်ဘူး သူရ ငါရှင်းပြပါ့မယ်....."
မြတ်နိုးနှင်းဆီက ကြားထဲကနေ ပျာပျာသလဲ ဝင်ပြောသောအခါ သူမစကားဆက်ပြောချိန်တောင်မရလိုက်ဘဲ တည်တံ့၏
လက်များက မြတ်နိုးနှင်းဆီ၏ ဆံပင်စတွေအား
အားဖြင့်ဆွဲထားလေသည်။"အား.....မလတ်ရေ...ကယ်ပါဦး....သူရ ကျွန်မကို
သတ်တော့မယ်ထင်တယ်....""ဖေဖေရေ....မေမေရေ....လာပါဦး...အမေ့သား ဒီမှာ သောင်းကျန်းနေတယ်....."
အောက်ထပ်မှာ ပန်းအိုးကွဲကျသံတွေနှင့် အော်ဟစ်သံတွေကြောင့်
သားသားဘေးမှာ မှေးနေသည့်ငုဝါတောင်မှ ရုတ်တရက်
လန့်ဖြန့်ကာ ကိုကိုရှိရာအောက်ထပ်သို့ ပြေးဆင်းလာခဲ့၏။အပေါ်ထပ်မှာ အနားယူနေကြသည့် ဖေဖေတို့မေမေတို့လည်းဘဲ
ငုဝါနှင့်အတူ ဆင်းလာခဲ့ကြသည်။ မီးဖိုခန်းထဲမှာ ကိုကိုက မြတ်နိုးနှင်းဆီ၏ဆံပင်တွေကို အုံလိုက်ဆွဲထားကာ မြတ်နိုးနှင်းဆီနှင့်မလတ်က အော်ဟစ်နေကြသည်။"အယ်...ကိုကို ဘာလုပ်တာလဲ "
ငုဝါကိုကို့လက်အား အတင်းဆွဲဖြုတ်ရသည်။ ဒါပေမယ့်
ကိုကိုပိုပြီး အားကြီးတာကြောင့် ငုဝါတော်တော်နှင့်ဆွဲဖြုတ်လို့
မရပါ။"ကိုကိုရယ်...လွှတ်လိုက်ပါ....ငုဝါတောင်းပန်ပါတယ်
လွှတ်လိုက်ပါနော်......ဟင့်...."ငုဝါ ငိုယိုပြီးတောင်းပန်မှဘဲ မြတ်နိုးနှင်းဆီကို
လွှတ်ချလိုက်သည်။ ဒါတောင် အားပါသွား၍ ထိုမိန်းမမှာ ကြမ်းပြင်ပေါ်သို့ ဗုန်းခနဲ......."အ.....အန်ကယ်...အန်တီ...သူရ.သမီးကို သက်သက်မဲ့
နှိပ်စက်တယ်.......ပြီးတော့ မလတ်ကိုရောဘဲ...."" -ာစကားမတက်နဲ့ ေ-ာက်ကောင်မ နင်တို့နှစ်ယောက်
လုပ်တာကို နင်တို့ကိုယ်တိုင်ပြောပြလိုက်လေ."
![](https://img.wattpad.com/cover/365286521-288-k825371.jpg)
YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...