အပိုင်း (၁၁)
ဖိတ်ခေါ်ထားခြင်းမရှိတဲ့ ဧည့်သည်က အယ်ဒီတာချုပ်ရှောင်းရဲ့ ရုံးခန်းထဲကို ပထမဆုံးအကြိမ် ရောက်လာတယ်၊ သူက အပြင်ပန်းကသာ အင်တာဗျူးလာဖြေတဲ့သူပုံစံ၊ တကယ်တမ်းကျ ဣန္ဒြေသမ္ပတ္တိ အပြည့်နဲ့ အင်တာဗျူးနေတဲ့ အထက်လူကြီးကို လမ်းတစ်ဝက်တင် ရပ်ခိုင်းပြီး သူ့ကို အခွင့်အရေးထပ်ပေးဖို့ ရဲရဲဝံ့ဝံ့ ပြန်ပြောရဲတယ်။
ဘယ်လိုတောင်ရယ်စရာလဲ။
"ငါတို့နှစ်ယောက်ကြားမှာ ဘာအချစ်မှ ရှိမနေဘူး ဝမ်ရိပေါ်.. အမှန်တရားကို ထွေးပြားအောင် လာမလုပ်နဲ့.. မင်းက မင်းရဲ့တာဝန်ယူတတ်မှုနဲ့ ကျေးဇူးသိတတ်မှုကို ဖော်ပြဖို့အခွင့်အရေး မရှိတော့မှာစိုးရိမ်လို့ ဒီလိုတွေ လာလုပ်နေတာ မဟုတ်ဘူးလား.. မင်းက စိတ်သက်သာရာရဖို့ ငါ့ဆီလာချင်နေတာလေ"
ဟုတ်တယ်၊ ရှောင်းကျန့် ဘယ်လောက်တောင် လျှာစောင်းထက်သလဲ ဝမ်ရိပေါ် မသိတာမှ မဟုတ်တာ၊ အရင်တုန်းက ပြောတယ်ဆိုတာက ပန်းနဲ့ပေါက်သလောက်ပဲရှိတာ၊ အခုတော့ သူ့ကိုယ်သူ ဆူးချွန်တွေထုတ်ပြီး အပြည့်အ၀ ကာကွယ်ထားလိုက်ပြီ၊ ခြေလှမ်းဝက်စာလောက်တောင် အလျှော့ပေးတော့မှာ မဟုတ်ဘူး။
ဝမ်ရိပေါ်ကလဲ ကျောက်ခဲလို ခေါင်းမာတတ်ပါသေးတယ်။
ရှောင်းကျန့် ဒီနေ့အချိန်ပို မဆင်းရရင် နောက်ထပ် ၅ မိနစ်အတွင်း အလုပ်ဆင်းလိမ့်မယ်၊ ဝမ်ရိပေါ်က ဆိုဖာကနေထပြီး ရှောင်းကျန့်ဆီ လျှောက်လာတယ်၊ ရှောင်းကျန့်က ခေါင်းငုံ့ထားရင်း စားပွဲပေါ်က ကြည့်လက်စ စာမူတွေကို သေသေသပ်သပ် ပြန်စီနေတာ၊ ဝမ်ရိပေါ်က ရှောင်းကျန့်လက်ကောက်ဝတ်ကို ဖမ်းဆွဲထားတယ်၊ မတင်းလွန်း မလျှော့လွန်းတဲ့ အားတစ်ခုနဲ့ ဆွဲလိုက်တာ ဖြစ်ပေမဲ့ ရှောင်းကျန့်ကတော့ လျှပ်စစ်နဲ့တို့ခံရသလို ဆတ်ခနဲ ပြန်ဆွဲထုတ်လိုက်မိတယ်။
"ရှောင်း.."
ဝမ်ရိပေါ်က စကားကို ဆက်မပြောဘဲ ရှောင်းကျန့်နဲ့ တော်တော်နီးတဲ့ နေရာအထိ တိုးကပ်လာတယ်၊ ပြီးမှ ရှောင်းကျန့်ရဲ့မျက်ဝန်းတွေထဲကို စိုက်ကြည့်နေရင်း ဆိုတယ်။
YOU ARE READING
Willful Man & Stubborn Stone [ Willful顽石 ]
Fanfiction⚠️ Marriage first, love later (?), Firefighter AU, BJYX, Yizhan I do not own this story. Authorized translation. All rights reserved to the original author PrimSix.