အပိုင်း (၉)
လမ်းပေါ်မှာ လမ်းသွားလမ်းလာ အနည်းငယ်ပဲ ရှိတယ်၊ ဒီမြို့လေးက ထူးဆန်းတယ်၊ သူ့ကို မီးပွိုင့်တွေတန်းစီနေတဲ့ လမ်းမကြီးတစ်ခုက စည်ကားနေတဲ့ မြို့လယ်ခေါင်ရယ် ဝင်းတံခါးတွေ ပိတ်ထားပြီးနေတဲ့ ဆိတ်ငြိမ်ရပ်ကွက်တွေရယ်ဆိုပြီး နှစ်ပိုင်းပိုင်းချထားတယ်။
မနေ့က မိုးသည်းခဲ့တာ မှန်ပေမဲ့ ဒီနေ့ရဲ့ကောင်းကင်ကြီးကတော့ ဘယ်တော့မှ မရွာခဲ့သလိုမျိုး ကြည်လင်နေတယ်၊ အေးစိမ့်နေတဲ့လေထုကတော့ ဆောင်းဦးကြောင့်ပါ။
ဝမ်ရိပေါ်က ပါလာတဲ့ ဆိုင်ကယ်ဦးထုပ်တစ်ခုကို ရှောင်းကျန့်ဆီပို့ပေးဖို့ ဧည့်ကြိုဝန်ထမ်းမလေးဆီမှာ အပ်ခဲ့လိုက်တယ်၊ ဝန်ထမ်းလေးက စကားပါးပေးရဦးမလား ဆိုပြီးအလိုက်သိစွာ မေးလာတယ်၊ ဝမ်ရိပေါ်က စက္ကန့် အနည်းငယ် တုံ့ဆိုင်းနေခဲ့တယ်၊ သူတို့ကြားမှာ ပြောလို့မရတဲ့ကိစ္စဆိုတာ မရှိဘူး၊ ဖုန်းနဲ့မဟုတ်လဲ စာပို့ပြောလို့ ရသေးတယ်၊ ဒါပေမဲ့။
"ဆိုဖာကို နေရာတကျဖြစ်အောင် ပြန်ထားပြီးပြီဆိုတာလေးပဲ သူ့ကိုပြောပေးပါ"
"အာ.. ဟုတ်..ဟုတ်ကဲ့ Mr ဝမ်"
ဆိုဖာအကြောင်း ဝမ်ရိပေါ်ပြောလိုက်ချိန်မှာတော့ ဧည့်ကြိုဝန်ထမ်းလေး ဖြစ်သွားတဲ့ပုံစံက ဘက်စကတ်ဘောကစားကွင်းထဲ အခုမှရောက်ဖူးတဲ့ ကစားသမားအသစ်လေးက သူ့ဆီဒိုင်လူကြီး ပစ်ပေးလာတဲ့ ပေးဘောကိုတောင် မဖမ်းနိုင်လိုက်သလိုပုံမျိုး ဖြစ်သွားတယ်၊ ဝမ်ရိပေါ် ပစ်ပေးလိုက်တဲ့ ဘောလုံးကို သူမဖမ်းနိုင်လိုက်ပေမဲ့ ဖမ်းနိုင်တဲ့လူကတော့ ကျိန်းသေပေါက်ရှိမှာပါ။
အဲဒါက ကျိန်းသေပေါက် ရှောင်းကျန့်ပဲပေါ့။
ဝမ်ရိပေါ်က ဆိုင်ကယ်ကို သူတို့ကွန်ဒိုအောက်က ကားပါကင်မှာ ထိုးရပ်လိုက်တယ်၊ သူတို့က ပါကင် ၂ နေရာစာ ဝယ်ထားတာ၊ တစ်နေရာက ဝမ်ရိပေါ်ရဲ့ မော်တော်ဆိုင်ကယ်အတွက်၊ နောက်တစ်နေရာကတော့ ရှောင်းကျန့်ရဲ့ မာစီဒီးဘန့် G-Class ရပ်ဖို့ပါ။
တကယ်တော့ ရှောင်းကျန့်ကို ဒီလိုကြီးမားခံ့ညားတဲ့ကားမော်ဒယ်မျိုး ကြိုက်လိမ့်မယ်လို့ လုံးဝမထင်ခဲ့တာမို့ ဝမ်ရိပေါ် အံ့သြခဲ့ရသေးတယ်၊ အဲဒီကားက ရှောင်းကျန့်ရဲ့နူးညံ့တဲ့သွင်ပြင်နဲ့ နည်းနည်းလေးတောင် မသင့်တော်ဘူးလို့ ဝမ်ရိပေါ်က ထင်ခဲ့တာ၊ တကယ်တမ်း ရှောင်းကျန့်မောင်းသွားတော့လဲ လိုက်ဖက်နေပြန်ရော။

YOU ARE READING
Willful Man & Stubborn Stone [ Willful顽石 ]
Fiksi Penggemar⚠️ Marriage first, love later (?), Firefighter AU, BJYX, Yizhan I do not own this story. Authorized translation. All rights reserved to the original author PrimSix.