8

1.9K 210 7
                                    

အပိုင်း (၈)

အလိုလျောက် ပြန်ပိတ်သွားတဲ့တံခါးက ဝမ်ရိပေါ် ပြန်ဖြေလိုက်တဲ့ စကားသံကို ဖြတ်တောက်ပစ်လိုက်တယ်၊ ဝမ်ရိပေါ်တစ်ယောက် ဧည့်ခန်းထဲမှာရပ်နေရင်း အဝင်ဝမှာ သေသေသပ်သပ် ချွတ်သွားခဲ့တဲ့ အိမ်တွင်းစီး ဖိနပ်လေးကို ကြည့်နေမိတယ်၊ ညနေကျရင်တော့ ဒီဖိနပ်လေးနေရာမှာ အပြင်ကပြန်လာမဲ့ ရှူးဖိနပ်လေးတစ်စုံ ရောက်နေမယ်မလား။

အလုပ်ဆင်းပြီး အိမ်ပြန်လာလို့ အဲဒီဖိနပ်တစ်စုံ ပြန်ရောက်နေတာကို မြင်ရတိုင်း ဝမ်ရိပေါ် စိတ်အေးသွားတတ်တယ်၊ မနေ့ညက အိမ်ထဲရောက်တာနဲ့ သူတို့စကားများကြတယ်၊ တကယ်တမ်းကျ အဲဒါကို စကားများတယ်လို့ မခေါ်သင့်ပါဘူး၊ ကြင်နာတတ်လွန်းတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်က စိတ်ဆိုးအောင်လုပ်ခဲ့ရုံပါ၊ အဲဒီအစား ရှောင်းကျန့်ဆီက ရန်တွေ့ခံရရင် ပိုကောင်းလိမ့်မယ်လို့ပဲ ဝမ်ရိပေါ်တွေးတယ်။

ရှောင်းကျန့်သူ့ကို နောက်ဆုံး စိတ်ဆိုးခဲ့တာဘယ်တုန်းကများလဲ?

ဝမ်ရိပေါ်အထင် အထက်တန်း ဒုတိယနှစ် ကျောင်းတွင်း ဘက်စကတ်ဘော ပြိုင်ပွဲတုန်းက ဖြစ်လိမ့်မယ်၊ အဲဒီတုန်းက စီနီယာတန်းနဲ့သူတို့အတန်း ပြိုင်ကစားခဲ့တာ၊ ကစားပွဲမှာ စီနီယာတစ်ယောက်က ဝမ်ရိပေါ်ကို ခြေခေါက်လဲအောင် တမင်လုပ်ခဲ့တယ်၊ အဲဒီမှာ ရှောင်းကျန့်က ဒေါသထွက်ပြီး အောင်ပွဲခံနေတဲ့ စီနီယာတွေကို ဝင်ထိုးတယ်၊ နောက်ဆုံး ဆရာတွေ ဝင်ဖြန်ဖြေတော့မှသာ ရပ်သွားတာ။

ရှောင်းကျန့် အရမ်းဒေါသထွက်တာကို ဝမ်ရိပေါ် ပထမဆုံးအကြိမ်မြင်ဖူးခြင်းပဲ၊ ရှောင်းကျန့်မျက်လုံးတွေက မီးဝင်းဝင်း တောက်နေခဲ့ပြီး သူတို့ရဲ့အတန်းပိုင်ဆရာတောင် ထိန်းမနိုင်တဲ့အထိ ဖြစ်ခဲ့တာ။

ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်က အထက်တန်းဒုတိယနှစ်ဆိုတော့ စာတအား မများသေးဘူး၊ အတန်းပြီးလို့ အားတဲ့အချိန်တိုင်း အတန်းသားတွေနဲ့ အပျော်တမ်း ဘက်စကတ်ဘော လေ့ကျင့်ရတယ်။

အစတုန်းကတော့ ဝမ်ရိပေါ်က မပါချင်ဘူး၊ ဒါပေမဲ့ သူ့အတန်းပိုင်ဆရာက အခန်း ၁ က သူတို့ရဲ့ မျက်နှာဖုံးဖြစ်တဲ့ ရှောင်းကျန့်ကိုကစားဖို့ ထည့်ထားတာကြောင့် သူ့ကိုပါ ထည့်ချင်တယ်ဆိုပြီး ဝမ်ရိပေါ်ကို ပြောလာတယ်။

Willful Man & Stubborn Stone [ Willful顽石 ]Where stories live. Discover now