5

2.1K 270 5
                                    

အပိုင်း (၅)

စိတ်ရှုပ်ထွေးလေ၊ ပြသနာလုပ်မိနိုင်ချေ ပိုများလေပဲ၊ ဒါကြောင့် စိတ်လှုပ်ရှားခြင်း တိမ်မည်းတွေဆီမှာ ဝါးမြိုခြင်းမခံရလေအောင် ဝမ်ရိပေါ် တတ်နိုင်သမျှ ထိန်းနေရတယ်။

ဒီနေ့ကို သူ့ရဲ့သာမန် ရုံးတက်ရက် တစ်ရက်လိုပဲ သဘောထားကြည့်တယ်၊ ဒါပေမဲ့ မိုးကျလာချိန်မှာတော့ ဝမ်ရိပေါ် ဘယ်လိုပဲ ထိန်းထိန်း အသုံးမဝင်တော့ဘူး၊ လာနေတဲ့ မုန်တိုင်းကနေ လွတ်မြောက်အောင် ပြေးနေရတဲ့လူတစ်ယောက်လို မီးပွိုင့်စိမ်းသွားတာနဲ့ တစ်ပြိုင်နက် ဆိုင်ကယ်ကို အရှိန်တင်ပစ်လိုက်တော့တယ်။

၇ လွှာက မီးခိုးငွေ့တွေက အပေါ်ထပ် ၈ လွှာအထိပါ အလုံးလိုက်တက်လာပြီမို့ မီးအချက်ပြ သတိပေးစနစ်က အလိုလျောက် ထမြည်တယ်၊ ဧည့်ကြိုဝန်ထမ်း မိန်းကလေးက ထိတ်လန့်တကြားနဲ့ ရုံးခန်းတံခါးတွေ လိုက်ခေါက်တယ်၊ ရုံးထဲမှာ ဆူဆူညံညံတွေ စကြားလာရတယ်၊ ရှောင်းကျန့် တံခါးဖွင့်ကြည့်လိုက်တော့ လေထုထဲမှာ ညှော်နံ့တွေ ရှိနေတာကို သတိထားမိလိုက်တယ်။

"ဘာဖြစ်တာလဲ?"

"၇လွှာ ဖြန့်ချိရေးဌာနမှာ မီးလောင်နေတာ အယ်ဒီတာချုပ်!!"

"လူတွေကို အရေးပေါ် အပေါက်ကနေ မြန်မြန်ဆင်းခိုင်း.. ဓာတ်လှေကား လုံးဝမစီးကြနဲ့.. ပဝါမရှိရင် ကိုယ့်အဝတ်ကို ရေစွတ်ပြီး ပါးစပ်နဲ့နှာခေါင်းမှာ အုပ်သွား.. မြန်မြန်သွားကြတော့.. အထဲမှာ လူကျန်နေလား လိုက်ကြည့်လိုက်မယ်"

ပြောနေတုန်းမှာပဲ မီးခိုးတွေ ပိုများလာတာမို့ ရှောင်းကျန့် သီးသွားတယ်။

"အဟွတ် ဟွတ်!! မီးလောင်နေပြီ.. အမြန်ထွက်ကြ!"

ရှောင်းကျန့်က သူ့ဝန်ထမ်းတွေကို ဌာနကနေခွာဖို့ ဆက်လက်ဆော်သြတယ်၊ လုလုက ရှောင်းကျန့်ကို လာဆွဲခေါ်ပြီး အောက်ဆင်းဖို့ လုပ်တယ်။

"အရင်သွားနှင့်.. သန့်စင်ခန်းထဲ လူကျန်နေလား သွားကြည့်ဦးမယ်"

လုလုက စိတ်ပူတာမို့ မသွားဘဲ ပေကပ်နေသေးတယ်၊ မီးသတ်ကားသံတွေက ပိုနီးလာပြီ၊ ရှောင်းကျန့်က လုလုကို အတင်းတွန်းကာ အရင်ဆင်းခိုင်းပြီး အောက်မှာစောင့်နေဖို့ ပြောရတယ်၊ တစ်လွှာလုံးက ရှုပ်ထွေးနေပြီမို့ လုလုလဲ မတတ်နိုင်တော့ဘဲ ရှောင်းကျန့်ကို မြန်မြန်လိုက်လာဖို့ပြောပြီး အောက်ဆင်းလာတယ်။

Willful Man & Stubborn Stone [ Willful顽石 ]Where stories live. Discover now