3

2.4K 259 10
                                    

အပိုင်း (၃)

ရှောင်းကျန့်မှာ လမ်းတလျှောက် အစီစီမိနေတဲ့ မီးပွိုင့်များစွာကို လက်ချိုးရေပြီး စောင့်ရသေးတယ်၊ ဒီနေ့ ရှောင်းကျန့်က မျက်ကပ်မှန်မတပ်ဘဲ ထွက်လာမိတာ၊ မီးရောင်စုံအောက်မှာ ပျားပန်းခပ်လှုပ်ရှားနေတဲ့ လမ်းသွားလမ်းလာတွေကို မြင်နေရတဲ့ ဝိုးတဝါးမြင်ကွင်းကြောင့် သူကိုယ်သူ ရပ်ဝေးကပြန်ရောက်လာတဲ့ ခရီးသွားတစ်ယောက်လို ခံစားနေရတယ်။

ခရီးသွားက ထီးတစ်ချောင်းကိုင်ကာ ရပ်နေရင် မိုးရွာထဲကို လှမ်းကြည့်နေတယ်၊ မိုးသည်းထဲက လမ်းကို သေချာလှမ်းမမြင်ရပေမဲ့ အခုနေပြေးသွားလိုက်ရင် အရှေ့မှာစောင့်နေတဲ့ တစ်စုံတစ်ယောက်ရဲ့ရင်ခွင်ထဲကို ရောက်လိမ့်မယ်ဆိုပြီး အလိုလို သိနေတယ်။

အဲဒါကတော့ ၀မ်ရိပေါ်ရဲ့ ရင်ခွင်ပဲ။

"အန်ကယ်လီ ဘယ်လောက်ကြာအုံးမလဲဟင်?"

"ရှေ့မီးပွိုင့်ကျော်ရင်ရောက်ပြီ ကျန့်ကျန့်"

"ဟုတ်ကဲ့"

ရှောင်းကျန့်လက်ကတော့ ခါးပတ်ဆီ အလိုလို ရောက်သွားပြီ၊ ရပ်တာနဲ့ ပြေးဆင်းဖို့ အသင့်အနေထား ဖြစ်နေခဲ့ပြီ။

၀မ်ရိပေါ်ကိုလဲ လာနေပြီမို့ ခဏစောင့်နေပေးဖို့ လမ်းမှာကတည်းက ရှောင်းကျန့်က စာပို့ထားပြီးသားပါ၊ တစ်ဖက်လူက သူ့ကို ချက်ချင်းပဲ စာပြန်လာတယ်၊ ဒါပေမဲ့ စကားက ၂လုံးတည်း။

'အိုကေ' တဲ့။

အပိုဆာဒါး ပါမနေတဲ့ စကား ၂ လုံး ဆိုပေမဲ့ ၀မ်ရိပေါ်ရဲ့ 'အိုကေ'က ရှောင်းကျန့်သာ လာမယ်ပြောထားရင် ဘယ်လောက်ပဲ နောက်ကျနေပါစေ စောင့်နေမယ်ဆိုတဲ့သဘောနဲ့ အတူတူပဲ၊ ဒါက နှစ်ပေါင်းများစွာ ၀မ်ရိပေါ်နားမှာနေရင်း ရှောင်းကျန့် သင်ယူလာခဲ့တဲ့ အမှန်တရားပဲ။

တကယ်တော့ 'Surprise' ဆိုတဲ့ ခံစားမှုမျိုး ရှောင်းကျန့် မရတာ ကြာခဲ့ပြီ၊ နောက်ဆုံးတစ်ခေါက်က ၀မ်ရိပေါ်နဲ့ လက်ထပ်မှတ်ပုံတင် သွားလုပ်တဲ့နေ့ကပဲ၊ သူတို့နှစ်ယောက်ရဲ့အမည်နှစ်ခုကို အနီရောင် တရား၀င်လက်ထပ်စာချုပ်ပေါ်မှာ ယှဉ်တွဲပြီး မြင်နေရချိန်မှာ ဝမ်ရိပေါ်နဲ့ရှောင်းကျန့်က တရားဝင် သက်ဆိုင်သူတွေ ဖြစ်သွားကြပြီဆိုပြီး စိတ်ထဲမှာ ကျေနပ်သွားတယ်၊ ဒါပေမဲ့ မင်္ဂလာဦးအိမ်ကို ပြန်ရောက်သွားချိန်မှာတော့ ရှောင်းကျန့်ရဲ့အတွေးစိတ်ကူးလေးတွေက ၀မ်ရိပေါ်ရဲ့စကားတစ်ခွန်းကြောင့်ပဲ ပြိုကျပျက်ပြယ်သွားခဲ့တယ်။

Willful Man & Stubborn Stone [ Willful顽石 ]Where stories live. Discover now