17

2.3K 256 5
                                    

အပိုင်း (၁၇)

တစ်ဖက်လူက ရှောင်းကျန့်ပို့တဲ့စာကို အကြောင်းမပြန်ဘူး၊ အပြင်မှာ မိုးက မစဲနိုင်အောင် ရွာနေတယ်၊ ရှောင်းကျန့်ရုံးခန်းတံခါးက ပိတ်မထားတာမို့ လုလုရဲ့ ညည်းတွားသံတွေကို အတိုင်းသား ကြားနေရတယ်။

"ရာသီဥတုက ဘာထဖြစ်တာလဲ.. မိုးက ရွာတိုင်းကောင်းတာမဟုတ်ဘူး.. အေးလိုက်တာ နားရွက်တွေတောင် ခဲတော့မယ်.. မြောင်းတွေက မကောင်းတာနဲ့ လူသွားလမ်းပေါ်မှာ ရေလျှံနေပြီ.. ဒီကိုရောက်အောင် မနည်းပြန်လာရတယ်.."

လုလုက စားပွဲပေါ်ကို စာအိတ်တစ်ထပ် ပစ်ချလိုက်ပြီး ညည်းညည်းညူညူ လုပ်တယ်။

"ကျွန်မတို့လို သာမန်ပြည်သူတွေကို ကယ်ဖို့ မီးသတ်သမားတွေခေါ်ပြီး အကူအညီတောင်းရလိမ့်မယ် ထင်တယ်"

လုလုက ပြောနေရင်း ရုံးခန်းထဲကို ကိုယ်တစ်ခြမ်းစောင်းဝင်လာပြီး မေးတယ်။

"ထောက်ခံတယ်မလား အယ်ဒီတာချုပ်"

အစခံလိုက်ရတဲ့လူရဲ့ ရင်ဘက်ထဲမှာတော့ မိုးရေထဲပျံရင်း ရေစိုသွားတဲ့ စက္ကူလေယာဉ်လေးလို လေးလံသွားခဲ့တာ၊ ရှောင်းကျန့် နှဖူးကြောတွေ တွန့်သွားတဲ့အထိ မျက်မှောင်ကြုတ်သွားတယ်၊ လုလုစကားကြားပြီးမှ ရှောင်းကျန့်ကပိုကယောက်ကယက် ဖြစ်လာတာ။

သူပြန်မဖြေတော့ လုလုက ရှောင်းကျန့်အခန်းရဲ့မှန်တံခါးကို ခေါက်လိုက်ပြီး။

"ဘာတွေငိုင်နေတာလဲ အယ်ဒီတာချုပ်"

အဲဒီတော့မှ ရှောင်းကျန့်အသိစိတ် ကပ်သွားတယ်။

"ဘာမှမဟုတ်ဘူး.. မီတင်အချိန် ဘယ်တော့လဲ"

"၁၁ နာရီ"

"သိပြီ"

သိပ််မကြာဘူး ကွေ့ရင်ရွာ ရေလွှမ်းနေတယ် ဆိုပြီး သတင်းတက်လာတယ်၊ အဲဒီရွာနဲ့ အနီးဆုံး မီးသတ်ဌာနက ဝမ်ရိပေါ်တို့ဌာနပါ၊ တစ်ခုခုကို ဝမ်ရိပေါ်ကိုယ်တိုင် ဦးဆောင်ရမှာ ကျိန်းသေတယ်။

ရှောင်းကျန့်ကို ဝမ်ရိပေါ် တစ်မနက်လုံး စာမပြန်ဘူး၊ ဌာနက သတင်းထောက်တစ်ယောက်က ရေမြုပ်သွားတဲ့ ကွေ့ရင်ရွာကို သတင်းသွားယူမဲ့အကြောင်း အလုပ် group chat ထဲကို စာပို့တော့မှသာ သိရတာ၊ မနက် ၁၁ နာရီအထိ မိုးကောင်းနေတုန်းပဲ။

Willful Man & Stubborn Stone [ Willful顽石 ]Where stories live. Discover now