18

2.1K 233 4
                                    

အပိုင်း (၁၈)

စာကို စိတ်ဝင်တစား ငုံ့ဖတ်နေရာကနေ မော့ကြည့်လိုက်တော့ အိပ်ပျော်နေတဲ့ ရှောင်းကျန့်ကို မြင်လိုက်ရတာမို့ ဝမ်ရိပေါ်မှာ အံ့ချီးဖွယ် မြင်ကွင်းတစ်ခု မြင်လိုက်ရသလို ငေးသွားခဲ့တယ်။

အဲဒီနေ့က ရှောင်းကျန့် အတော်အိပ်ငိုက်နေတာ၊ ပါးစပ်ကနေလဲ သူနဲ့သင်္ချာက ဒီဘဝမှာ ဆုံဆည်းဖို့မဖြစ်နိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းဆိုပြီး ပြောနေသေးတာ၊ ဘယ်လိုပဲရှင်းရှင်း ခေါင်းကိုက်တယ်၊ တကယ်တမ်းမှာ ရှောင်းကျန့်က နားမထောင်ဘဲ နားမလည်ဘူးချည်းပဲ အော်နေတာ၊ သူက ဝမ်ရိပေါ်ကို ကြည့်ရတာနဲ့တင် မအားလပ်ဘူးလေ၊ နာရမလည်ဘူးဆိုတော့ ဝမ်ရိပေါ်ကတော့ ကြိုးစားပြီး အကြိမ်ကြိမ် ရှင်းပြရရှာတာ။

"ငါ့မျက်နှာပေါ်မှာ အဖြေရှိနေလို့လား"

ဝမ်ရိပေါ်က မရယ်နိုင်မပြုံးနိုင် မျက်နှာနဲ့ ခပ်တည်တည်ပဲ ကောက်မေးလိုက်တယ်၊ ရှောင်းကျန့်ကလဲ မရှက်ပါဘူး၊ တဟဲဟဲ ရယ်နေရင်း မင်းမျက်နှာမှာ အဖြေရှိနေရင် လူတိုင်း သင်္ချာအမှတ်ပြည့်ရကုန်မှာပေါ့လို့ ပြန်ပြောတယ်။

စကားများလွန်းတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ် လျစ်လျူရှုထားပြီး တွက်ထားတဲ့အထဲက မှားနေတဲ့ အပုဒ်တွေကို ပြန်တွက်ကြဖို့ပြောတယ်၊ ဝမ်ရိပေါ်က သေချာတစ်ဆင့်ချင်း စိတ်ရှည်ရှည်နဲ့ ရှင်းပြတာ၊ ရှောင်းကျန့်က ဆရာပြောရင် နားထောင်နေရင်းတောင် နားမလည်ဘူး၊ ဝမ်ရိပေါ်ပြောတာ နားထောင်ရင်တော့ ၂ ခါလောက်နဲ့တင် ရှင်းသွားသလို ခံစားရတယ်။

ရှောင်းကျန့်အကျင့်က နားလည်သွားရင် ဆက်နားမထောင်ချင်တော့ဘူး၊ စာအုပ်နဲ့မျက်နှာကို ကွယ်ထားပြီး ငိုက်တော့တယ်။

"ခဏလေး.. ၁၀ မိနစ်နေမှ ပြန်စကြမယ်.. ၁၀ မိနစ်ပြည့်သွားရင် ငါ့ကိုနှိုး"

အဲလိုအချိန်တိုင်း ဝမ်ရိပေါ်က အွန်းလို့ပဲ ပြန်ပြောတတ်တယ်။

ရှောင်းကျန့်က အိပ်ရင် ခုံပေါ်လက်တင်ပြီး အိပ်တာ၊ မျက်နှာက ဝမ်ရိပေါ်ဘက်ကို လှည့်ထားတယ်၊ ဝမ်ရိပေါ်က အာရုံစူးစိုက်နိုင်စွမ်းမြင့်ပြီး သင်္ချာတော်ပေမဲ့ စိတ်တော့မထိန်းနိုင်ဘူး၊ မျက်လုံးတွေကို စိတ်ချလက်ချ မှိတ်ထားပြီး အိပ်ပျော်နေတဲ့ ရှောင်းကျန့်ကို ခိုးကြည့်တတ်တယ်။

Willful Man & Stubborn Stone [ Willful顽石 ]Where stories live. Discover now