အပိုင်း (၁၄)
ကားထဲ ဖွင့်ထားတဲ့ အပူချိန်က သင့်ရုံအနေအထားပဲ၊ ရှောင်းကျန့်က ကားပေါ်တော့ တက်လာတယ်၊ စကားတော့ မပြောဘူး၊ ခေါင်းငုံ့ပြီး ကာဗာရိုက်ကူးရေးနဲ့ ပတ်သက်ပြီး ဝင်ထားတဲ့ mail တွေကို အကြောင်းပြန်နေတယ်၊ မွေးနေ့ ပြီးကတည်းက ရှောင်းကျန့်က အလုပ်ကိုပဲ သည်းကြီးမည်းကြီး လုပ်နေခဲ့တာ။
အဲဒီမွေးနေ့မှာပဲ ဝမ်ရိပေါ်နဲ့သူ ဇာတ်လမ်းပြတ်မလို ဖြစ်ခဲ့တာ မဟုတ်လား။
ရှောင်းကျန့်ကားပေါ်မှာ အလှချိတ်တဲ့ အဆောင်လက်ဖွဲ့လေးတစ်ခု ရှိတယ်၊ အဲဒါက ရှောင်းကျန့် အိုဆာကာကို အလုပ်ခရီး သွားတုန်းက ဝယ်လာတာ၊ ဝမ်ရိပေါ်မှာလဲ ရှောင်းကျန့် သူ့အတွက်ဝယ်လာပြီး ပိုက်ဆံအိတ်ထဲကို အတင်းထိုးထည့်ပေးထားတဲ့ မြေခွေးလေးပုံ အဆောင်လက်ဖွဲ့တစ်ခု ရှိတယ်၊ သူတို့က စုံတွဲလက်ဖွဲ့လေးတွေလို့ ရှောင်းကျန့်က ပြောပြဖူးတယ်။
ရှောင်းကျန့် အိုဆာကာ ရောက်တုန်းက ယူနီဗာဆယ်စတူဒီယိုကနေ ဖုန်းလှမ်းခေါ်ပြီး သူနဲ့လက်ထပ်ချင်ကြောင်း ပြောခဲ့တာကို ဝမ်ရိပေါ် ပြန်တွေးမိသွားတယ်။
ရှောင်းကျန့်ဘက်က ရုတ်တရက်ကြီး သူနဲ့လက်ထပ်ချင်ရတဲ့ အကြောင်းအရင်းကို ဝမ်ရိပေါ်က အမြဲမေးချင်ခဲ့တာ။
"ရှောင်းကျန့်..."
မီးပွိုင့်စိမ်းဖို့ စောင့်နေတုန်းမှာ တွဲလောင်းကျနေတဲ့ အဆောင်လက်ဖွဲ့လေးကို ကြည့်နေရင်း ဝမ်ရိပေါ်က ရှောင်းကျန့်နာမည်ကို ခပ်တိုးတိုး ခေါ်လိုက်တယ်။
"အွန်း"
"ဘာလို့ အဲဒီတုန်းက ငါ့ဆီဖုန်းခေါ်ခဲ့တာလဲ?"
"ဘယ်တုန်းကလဲ?"
ရှောင်းကျန့်က လှည့်ကြည့်လာတော့ ဝမ်ရိပေါ်မျက်လုံးတွေက အဆောင်လက်ဖွဲ့ကို ကြည့်ရင်းမေးနေတာကို မြင်သွားတယ်၊ အဲဒါနဲ့ ဝမ်ရိပေါ်ကို ဆက်မကြည့်တော့ဘဲ ပြတင်းပေါက်ဘက် ပြန်လှည့်သွားပြီး။
"အမြင့်ကြောက်စိတ်ကို ကျော်လွှားလို့ရတယ်လို့ မင်းပြောခဲ့တာ မှတ်မိလား.. အဆင်ပြေမလား ကြိုးစားကြည့်ပေမဲ့ မရခဲ့ဘူး.. ရိုလာကိုစတာရဲ့ အမြင့်ဆုံးအပိုင်း ရောက်တဲ့အချိန်မှာ ကြောက်လွန်းလို့ နှလုံးရပ်တော့မယ်လို့တောင် ထင်ခဲ့တယ်.. အဲဒါနဲ့ အချိန်ကိုက် ခေါင်းထဲဝင်လာတာက ဒီတစ်သက် မင်းကို ထပ်မတွေ့ရတော့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်းပဲ"
YOU ARE READING
Willful Man & Stubborn Stone [ Willful顽石 ]
Fanfiction⚠️ Marriage first, love later (?), Firefighter AU, BJYX, Yizhan I do not own this story. Authorized translation. All rights reserved to the original author PrimSix.