1

814 40 6
                                    

"ရောက်ပြီ"

စံအိမ်ဝင်းထဲ ခြေချလိုက်သည်ဆိုရင်ဘဲ တခမ်းတနားနဲ့ နေသည်ဆိုတဲ့ Kim Group ရဲ့ ကြွယ်ဝမှုက မီဒီယာတွေရဲ့ အပြောသက်သက်ပဲ မဟုတ်ရ။

ခြံဝင်းကနေ စံအိမ်ထဲထိ မြင်မြင်သမျှ အရာအားလုံးက တစ်သက်နဲ့ တစ်ကိုယ် ခုမှမြင်ဖူးသည့် အဆောင်အယောင်များဖြစ်ပေသည်မို့ မျက်လုံးလေးအဝိုင်းသားနဲ့ ခေါင်းပတ်ပတ်လည်ယမ်းကာ တမေ့တမော့ ငေးနေမိတော့မည့်စိတ်ကို မသိမသာ ကိုယ်တိုင် ချိုးနှိမ်လိုက်ရသည်။

"သခင်လေးက စပ်စုတာ မကြိုက်ဘူး"

သည်မလာခင်ကတည်းက အထပ်ထပ်အခါခါပြောပြီးသား စည်းကမ်းချက်တွေအား Myungho အလွတ်ရနေပြီ ဆိုပေမယ့် ရုတ်တရက်မို့ အနည်းငယ် သတိလွတ်သွားရ​ခြင်းကို တစ်ဖက်က သတိထားမိသွားခြင်းအပေါ်   ကိုယ်ဘာ့သာ ကြိတ်ပြီး သတိကပ်မိလိုက်၏  ။

စပ်စပ်စုစု မလုပ်ရတို့ နောက်ပြီးတော့  လုပ်ရမည့် အလုပ်ကလွဲ ခွင့်ပြုချက်မရှိဘဲ မည်သူနှင့်မျှ စကားမပြောရတို့ ယုတ်စွအဆုံး ဝန်ထမ်းတွေနှင့် ပင် မျက်လုံးချင်းမဆုံမိစေနှင့်တို့ ဆိုသည့် ထူးထူးဆန်းဆန်း လူ့အခွင့်အရေးတွေ ပိတ်ပင်ထားသည့် စည်းကမ်းချက်တွေ အပြင် အခြားအခြားသော စည်းကမ်းချက်တွေကလည်း မနည်းမနော။

သည်လောက်များပြားတဲ့ စည်းကမ်းချက်တွေကို ပုံမှန်ဆို လွတ်လွတ်လပ်လပ်နေတတ်တဲ့ Myungho က ငြင်းဆန်မိမှာဆိုပေမယ့် သည်မှာ သုံးလလောက် လုပ်ရမည့်လစာက UK မှာ ပန်းချီသင်တန်း​လေ့လာဖို့ အတော်ပင်ဖူလုံသည်မလို့ ငယ်ငယ်ကတည်းက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ကာ နေထိုင်သည့် Myungho  အတွက် မိုးနတ်မင်းက ပေးသည့်အထူးအခွင့်အရေးပင်။

ပြီးတော့ Myungho  ကလည်း ကျောင်းစာနှင့် ပန်းချီဆွဲ တာကလွဲလို့ ဖြစ်ဖြစ်မြောက်မြောက်ဘာမှ မလုပ်တတ်။
ဒါပေမယ့်  ဘာမှ မလုပ်ဘဲ စည်းကမ်းလိုက်နာရုံမျှဖြင့်ပင် အလွန်များပြားသော လစာပမာဏကိုရမည်ဟု ဆိုလာသည့်  အရင် ကျောင်းတုန်းက စီနီယာဖြစ်ခဲ့ဖူးသူ  အစ်ကိုနေသန်က ပြောလာသည့် အခါ သူ့မှာ အံသြရသေး၏ ။
ဒါပေမယ့် အနည်းအကျဥ်းတော့ ခိုင်းတာလုပ်ပေးရမည်ဖြစ်ပြီး ထိုသည်ကလည်း စံအိမ်တစ်ခုလုံးမှာ တစ်ယောက်ထဲ၏ စကားကိုသာ နားထောင်ရမည်ဟုဆို၏ ။ဘယ်လိုဆိုဆို  သူ့အတွက် သည်လောက်ကတော့ အခက်အခဲ မရှိတာမို့လို့ သည်မှာ သုံးလအလုပ်လုပ်ပြီးတာနှင့် UK ကို သွားရန်သာဖြစ်သည်။

Mine       //   CompletetedWhere stories live. Discover now