ငါးမိနစ်ပင် မကြာလိုက်သည့် အချိန်မှာပင် လိမ္မော်သီးဖတ်ကလေးတွေ လှုပ်စိလှုပ်စိနှင့် လိမ္မော်ရည်ဖန်ခွက်ကလေးက မျက်စိရှေ့ရောက်လာတော့၏ ။
"သောက်လို့ရပါပြီ ခင်ဗျ"
"ကျစ်!"
*ဟင်! ဘာဖြစ်ရပြန်တာတုန်း*
"မင်း ဘယ်လို ဝန်ထမ်းမျိုးလဲ Seo Myungho .. ဒါ ကိုယ်နဲ့ မတည့် ရင် ဘယ်လောက်ပဲ သောက်ချင်တယ် ပြောအုံးတော့ မင်းက တားရမှာမဟုတ်ဘူးလား..မင်းက မင်း အလုပ်ပေါ် တော်တော် တာဝန်မဲ့တဲ့ လူမျိုးပဲ"
Myungho မှာ ရှေ့က မျက်မှန်မည်းနှင့် သခင်လေးစကားတို့ကြောင့် ဂျွမ်းပင် ငါးပတ်လောက်ပစ်ထိုးလိုက်ချင်တော့၏ ။
သောက်ချင်လို့ တိုက်တော့လည်း အပြစ်တဲ့လား မာမားရယ်..
"တော်ပြီ မင်းပဲ သောက်လိုက်တော့..ကိုယ့်ကို ဆေးတိုက်ဖို့ ပြင်ပေး"
"ဟုတ်ကဲ့ သခင်လေး"
မဆိုင်းမတွ ပြောပြီး လိမ္မော်ရည်ကို အားရပါးရ တစ်ဂွတ်မော့သောက်ပစ်လိုက်သည်။
ဘာဖြစ်လဲ သူမြင်ရတာမှ မဟုတ်တာ။ထို့နောက် ဆေးဘူးတွေနားသွားပြီး ဆေးတောင့်လေးတွေ ယူသလိုလိုနဲ့ နောက်တစ်ခေါက် ထပ်မော့လိုက်ပြီး ပါးစပ်ထဲ အပြည့်ပါလာတဲ့ လိမ္မော်ဖတ်ကလေးတွေကို တမြုံ့မြုံ့နဲ့ ဝါးစားပစ်လိုက်သည်။
ပြီးတော့ ထိုသခင်လေးနားသွားကာ ရေတစ်ခွက်နှင့် ဆေးတောင့် အနည်းငယ်ကို လက်ထဲထည့်ပေးလိုက်တော့ အသာအယာမော့သောက်ပြီး မျက်မှန်အထက်က ထူထူထဲထဲ စိမ်းဖန့်ဖန့်မျက်ခုံးတို့ ရုတ်တရက် စုကျုံ့တွန့်ကွေးလာ၏ ။
*ဘာလဲဟ..ဒီမဖြစ်စလောက် ဆေးလဲ နှစ်တောင့်သုံးတောင့်ကို ခါးလို့လား*
ဒါပေမယ့် ထိုသခင်လေးရဲ့ လက်ထဲက ရေဖန်ခွက်လေးကို ယူလိုက်တဲ့ ခဏမှာပဲ သူ့လက်ကောက်ဝတ်ကို ထိုသခင်လေးရဲ့ ကျန်လက်တစ်ဖက်က သူခိုးဖမ်းသလို ဖတ်ခနဲ တင်းတင်းကျပ်ကျပ်ဖမ်းဆုပ်ကိုင်လာလေ၏ ။
"မင်း..လိမ္မော်ရည် သောက်ထားတာလား"
*wtf**** သူ မျက်စိမမြင်ရတာရော ဟုတ်ရဲ့လား..ငါ.. လိမ္မော်ရည် သောက်တာ သူ ဘယ်လို..ဘယ်လိုလုပ်သိ..