"ငါးမြှားတံမှာ ငါးအကြီးကြီးတော့ မိအောင် ဖမ်းတတ်သားပဲ၊ မင်းအရည်အချင်းကိုတော့ ချီးကျူးပါတယ်"
တမင်တကာပင် Myungho ဆီတည့်တည့် ဦးတည်ကာ လျှောက်လာပြီး ခနိုးခနဲ့ ဆိုလာသူက အခြားသူမဟုတ်။
Mingyu ရဲ့ ဒေါ်လေးပင်။မတတ်မဖြစ် ကုမ္ပဏီတစ်ခုရဲ့ နှစ်ပတ်လည် dinner party ကို Myungho မလိုက်ချင်ပါဘူးဟု အတင်းငြင်းနေတာတောင် မရမက ပွဲတတ်ခေါ်ကာ Myungho လက်ကို လုံးဝလွှတ်မပေးသူက Myungho သန့်စင်ခန်းသွားမည့်အကြောင်းပြောမှ ဖွဖွလေး လွှတ်ပေးလာကာ သူကပင် လိုက်မည်တကဲကဲ။
Myungho တစ်ယောက်တည်း ပွဲအတွင်း ပြန်မဝင်သေးဘဲ ခဏ လေညှင်းခံပြီးမှ ဝင်ရန်ဆုံးဖြတ်ထားပေမယ့် အနှောင့်အယှက်က တမင်တကာပင် ထိပ်တိုက်ဖန်တီးပေးလေ၏ ။
"တွေ့ရတာ ဝမ်းသာပုံမပေါ်ဘူးနော်"
ရိုသေချင်စရာ မကောင်းတဲ့ နှုတ်ဆက်စကားပေမယ့် မတတ်သာလို့ အနည်းငယ်ပြုံးယောင်လေးသန်းကာ ခေါင်းလေးညွှတ်ပြီး အရိုအသေပြုမိ၏ ။
Mingyu ဒေါ်လေးက အရင်တစ်ခေါက် party မှာ Mingyu နဲ့ စကားပြောတာကို အကဲခတ်မိရကတည်းက အနည်းငယ် ရိုးသားပုံမပေါ်တာကို တွေ့ပြီးကတည်းက ရိပ်မိခဲ့ရပြီး နောက်မကြာမီ Mingyu မာမီက Myungho ဆီရောက်လာတာပဲကြည့်။
သူတို့ အိမ်တွင်းရေးတွေကို မစပ်စုချင်သည့် Myungho က ထိုဒေါ်လေး၏ မျက်နှာထားကို အပေါ်ယံကြည့်ရုံမျှနှင့်ပင် Myungho ကို ဘယ်လိုသဘောထားနေသည်မှန်း ရိပ်မိလျက်သား။"ငါ့တူက မင်းလိုလူကို ဘာတွေတွယ်တာပြီး ငါပေးတဲ့ငွေတွေယူပြီး သူ့ဆီက ထွက်သွားတဲ့အကြောင်းကို ဥက္ကဌကြီးဆီမပြောပဲ ကာကွယ်ခဲ့တာလဲမသိပေမယ့် ခုချိန်ထိတိုင် သူ့အနားမှာ မင်းရှိနေတုန်းဆိုတော့ မင်းက တော်ရုံ မဟုတ်ဘူးပဲ"
"......"
"ဒါပေမယ့် ခုချိန်ထိ ဥက္ကဌကြီးက လွှတ်ထားတုန်းဆိုတာ အကြောင်းရှိလောက်မယ်လို့ မထင်ဘူးလား၊ ဟန်ယူဆော့ နဲ့ စေ့စပ်ပွဲ ပျက်သွားပေမယ့် နောက်ထပ် သူ့သားအတွက် သင့်တော်တဲ့ သူများတွေ့ထားလို့များလား ?"
သည်ဘွားတော် ဘာတွေ လာစားနေမှန်းမသိ။
ယဥ်ကျေးမှုအရ ရပ်ပြီး နားထောင်ပေးနေသည်ကို ဘာတွေ လာပြောနေတာလဲ။