"Myungho ဒီနေ့က အီတလီရဲ့ ရိုးရာဝိုင်ပွဲတော် နောက်ဆုံးရက်တဲ့ ၊ မင်းသွားကြည့်ချင်သေးလား? ဒါမှမဟုတ် မနက်က အစောကြီး ထထားရတော့ ပင်ပန်းပြီး နားချင်နေပြီလား?"
"ဟင့်အင်း မနားဘူး၊ သွားရအောင် ငါ့အရမ်း သွားချင်နေပြီ"
တတ်ကြွသည့်ဟန်ပန်လေး အပြည့်နှင် ချက်ချင်း တုံ့ပြန်လာသူလေးကြောင့် Myungho အန်နာဂျီတွေ မကုန်သေးဘူးလို့ Mingyu မှတ်ချက်ချလိုက်မိသည်။
အီတလီမှာ ဖြတ်သန်းနေသည့် နှစ်ညနှင့် နှစ်ရက်အတွင်း Myungho က လုံးဝမှကို တတ်ကြွနေကာ ဥရောပရဲ့ လေထုကို အတော်နှစ်သက်ဟန်ရှိပြီး မြင်သမျှကိုလည်း ပြုံးပြုံးလေးနှင့် phone camera လေး ဖွင့်ကာ တစ်ခုမကျန် မှတ်တမ်းတင်ထားတတ်သေး၏ ။
အနည်းငယ် အိပ်ရေးပျက်ထားပေမယ့် ကြည်ကြည်လင်လင်ရှိလှသည့် မျက်နှာလေးက ဘာမှမပြင်မဆင်ပါဘဲနှင့်ကို ခေါင်းစုတ်ဖွားလေးနှင့် အတော်ပင် အသည်းယားစရာ။ညနေစောင်းပိုင်း ရောက်ပြီး ဝိုင်ပွဲတော်တည်ရှိရာ ရွာငယ်လေးကို ရောက်သည့်အခါမှာတော့ အီတလီအလယ်ပိုင်း ကိုယ်စားပြု ပွဲတော်က စတင်နေလေပြီ။
ငှားထားသည့် ဂိုက်၏ ရှင်းပြချက်အရ နှစ် ၅၀ ရှိ ရိုးရာပွဲတော် ဖြစ်ပြီး ရွာအသေးလေးမှာ တစ်ကမ္ဘာလုံးက ဝိုင်ချစ်သူတွေ စုဝေးရောက်ရှိနေကာ တစ်ဖက်တွင် ဝိုင်မြည်းစမ်းရာ ဆိုင်ခန်းလေးတွေရှိပြီး တစ်ဖတ်တွင်တော့ ဝိုင်အကဲဖြတ်မည့် နေရာဟု ရှင်းပြလေသည်။
ထို့နောက် ဝိုင်ပုလင်းတွင် ပါသည့် ကြက်ဖအမည်းရောင် Chianti Classico အသိအမှတ်ပြုတံဆိပ်လေးကို ညွှန်ပြပြီး ထိုအမှတ်အသားရရှိရန် တစ်ဖတ်က ဆိုင်တန်းတွေမှာ အကဲဖြတ်ခံရသည်ဟု ဆို၏ ။Myungho သဘောအကျဆုံးကတော့ ဝင်ကြေးပေး လက်မှတ်ဖြတ်ကာ ဝိုင်သောက်ဖို့ ဝိုင်ဖန်ခွက်လေးတွေ ထည့်သည့် အိတ်လေးဆွဲပြီး ပွဲတော်တွင်း လျှောက်သွားရမှာပင်။
ထိုဝိုင်ခွက်လေးနှင့်ပင် တစ်ဆိုင်ပြီးတစ်ဆိုင် အခမဲ့ ဝိုင်မျိုးစုံ မြည်းစမ်းကြည့်နိုင်ပြီး မနှစ်သက်သည့် ဝိုင်များကိုလည်း သွန်ပစ်လို့ ရသည့် နေရာလေးတွေပါ ဆိုင်ခန်းတိုင်းမှာ ထားပေးသေးသည်တဲ့။