Mingyu အိပ်နေသည်ထင်ပြီး ကုပ်ချောင်းကုပ်ချောင်းနှင့် ဆေးတောင့်ယူဖို့ အခန်းထဲ တိတ်တိတ်လေး ဝင်လာလေသည်က Myungho ။
ခက်တာက အခန်းတံခါးစဖွင့်ကတည်းက Mingyu ကနိုးနေပြီဆိုတာ အတုံးလေးက နည်းနည်းမှ မရိပ်မိ။
သည်က မတိုင်ခင်ကတည်းက သောက်နေကျ အားဆေးတွေအစား အမြင်အာရုံနှင့် ပတ်သက်တဲ့ဆေးတွေကို ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဟန်မပျက် နေရာတကျ ထားခဲ့ခြင်းဖြစ်လေသည်။
ထို့နောက် အသည်းအသန်ကြိုးစားနေသူလေးက မပိရိလေစွာ ဒေါက်ခနဲ ဆေးဘူးပြုတ်ကျချိန်မှာတော့ Mingyu ဘယ်လိုမှ ဆက်ပြီး သည်းခံမနေနိုင်ပါတော့။
ကုန်းကုန်းလေး ကောက်နေသည့် ဖြူစွတ်စွတ်ဘောလုံးလေးလိုပုံသဏ္ဍာန်ဖြစ်နေသည့် အနှီလူသားကို နောက်ကနေ အသည်းယားစွာ ပိတ်ကန်ပစ်ချင်စိတ်တွေ တဖွားဖွား။သို့ပေသိ ချာခနဲ လှည့်လိုက်သည့် မျက်ဝန်းနက်နက်လေးတွေကို မြင်လိုက်ရချိန်မှာတော့ သူလည်း Myungho ရဲ့ စိတ်ဝိဥာဥ်တွေ ကူးစက်သွားသည်ထင်၏ ။
အချိန်ယန္တရားက ရုတ်တရက် ရပ်တန့်သွားသလို ယခု လက်ရှိ လုပ်ရမည့်ကိစ္စက ဘာလဲဟု ခေါင်းထဲ ဗလာဖြစ်သွား၏ ။ထို့နောက် မသိစိတ်က အမည်မသိဆွဲငင်ရာသို့ အလိုလို တိုးကပ်သွားမိပြီး တစ်လှမ်းချင်း နီးကပ်သွားချိန်မှာ ရုတ်ချည်း အံသြထိတ်လန့်ဟန်ပြောင်းကာ ပြူးကျယ်ဝိုင်းစက်သွားသည်က လှပလွန်းသည့် ကြယ်တာရာအစုအဝေးလေးကို ဥက္ကာခဲလေး လာရောက်ထိမှန်ဟန်။
ခပ်ဖူးဖူးနှုတ်ခမ်းနှစ်လွှာက အကွာအဝေးတူညီစွာ စက္ကန့်အတော်ကြာ ပွင့်အာနေပြီး သည်အခြေအနေမှာ ဥာဏ်ကောင်းသူလေးသာဆို Mingyu မူပျက်နေတာကို အသေအချာရိပ်မိမှာမှန်ပေမယ့် ခုချိန်မှာတော့ လက်တွေ့ ရှေ့မှာရှိနေသူလေးကတော့ ဥာဏ်ကောင်းသူထဲ ပါပုံမပုံ။တဖြည်းဖြည်းနဲ့မှ ရေချိုးခန်းထဲရောက်တဲ့ထိ သတိမကပ်သူလေးရှိနေပေမယ့် Mingyu ကတော့ ရှေ့ဆက်ဖြစ်လာမယ့် တစ်စုံတစ်ယောက်ရဲ့ အပြုအမူကို စိတ်ဝင်စားစွာ ဝတ်ထားတဲ့ အင်္ကျီလေးကို ဆွဲချွတ်လိုက်ပြီး မရည်ရွယ်ခင်မှာပင် Myungho ကို စနောက်လိုစိတ် ခပ်ညစ်ညစ်အတွေးတို့ ခေါင်းထဲ အစီအရီဝင်လာလေသည်။