6

260 27 0
                                    

လွန်ခဲ့သော တစ်လခွဲခန့်

အခန်းတွင်း တိတ်ဆိတ်ငြိမ်သက်မှုက ကြီးစိုးနေပေမယ့် စားပွဲပေါ်က တစ်ဒေါက်ဒေါက်ခေါက်နေသည့် ဘောလ်ပင်ခေါက်သံကတော့ ခြွင်းချက်။

ဆုံလည်ထိုင်ခုံပေါ် ခပ်စောင်းစောင်းမှီထိုင်နေရာကနေ အနည်းငယ် ကိုယ်ဟန်ကို ပြင်လိုက်ရင်း ဘောလ်ပင်လေးကို စားပွဲပေါ်ချကာ လက်နှစ်ဖက်ကို အချင်းချင်း  ယှက်သွယ်၍ ခါးကို အနည်းငယ် မတ်လိုက်၏ ။

"လွန်ခဲ့တဲ့ လတွေကတည်းက ကုမ္ပဏီက ထုတ်တဲ့ ပြည်ပက ကုန်ပစ္စည်းတွေမှာ အခက်အခဲရှိနေသလို ပြည်တွင်းက ထုတ်လုပ်မှုပိုင်းမှာလည်း အရည်အသွေးမမှီဘူးဆိုပြီး တီးတိုးသတင်းလွှင့်မှုတွေက အဆက်မပြတ်ပါပဲ....အချိန်မှီ မဖြေရှင်းနိုင်ဘူးဆိုရင် ဒါတွေက နှစ်ကုန်မှာ ကျင်းပမယ့် ရှယ်ယာရှင်အစည်းအဝေးမှာ ဒုဥက္ကဌအတွက် အတားအဆီးတွေ ဖြစ်လာနိုင်ပါတယ်"

တိတ်ဆိတ်နေပေမယ့် သည်အခန်းတွင်းက လူနှစ်ဦးမှာတော့ တူညီသည့် အတွေးတွေက ရှိနေပြီး တစ်ဖက်လူရဲ့ ပစ်မှတ်က ဘာလဲဆိုတာလဲ ပြောစရာ မလိုအောင် အဖြေထုတ်ပြီးဖြစ်သည်။
ဘယ်လိုပင် Kim Mingyu က လက်ရှိမှာ ဒုဥက္ကဌရာထူးကို ရရှိထားပြီး အနာဂတ်ဥက္ကဌဟု အားလုံးက လက်ခံထားကြပေမယ့်လည်း သူ့အရည်အချင်းကို မေးခွန်းထုတ်ချင်ကြသူတွေက အများသား။
သည်ကိစ္စများက Mingyu ဒုဥက္ကဌ တာဝန်ယူထားကတည်း အနည်းနဲ့ အများ ကြုံတွေ့နေရသည့် ကိစ္စများဖြစ်ပြီး သည်နှစ် ရှယ်ယာရှင် အစည်းအဝေးမှာတော့ ကျယ်ကျယ်လောင်လောင် အသံထွက်လာခြင်းဖြစ်သည်။

ဒါပေမယ့် အတွင်းစည်းကျကျ လှုပ်ရှားမှုများတွင် သံသယဝင်စရာအခြေအနေများ တစ်ခုမျှမရှိရလေအောင်  ခြေရာလက်ရာမရှိ သဲလွန်စပါမကျန်အောင် တစ်ဖက်က ပိရိလွန်းလှ၏ ။

"တစ်ဖက်က နောက်ကွယ်ကနေ ပုန်းလျှိူးကွယ်လျှိူးတိုက်ခိုက်နေရင် သူက အမှောင်ထဲကလူ ကိုယ်က အလင်းထဲက၊ ကိုယ့်ဘက်ကပဲ အထိအခိုက်များလိမ့်မယ်၊ အဲ့တော့ သူ့ဘက်က နည်းလမ်းအတိုင်း တိုက်ခိုက်ကြတာပေါ့"

"ဟုတ်ကဲ့"

"အတွင်းရေးမှူးမင်"

"ဟုတ်ကဲ့"

Mine       //   CompletetedWhere stories live. Discover now